
ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဟွန်မန်နက်နှင့် ကမ္ဘောဒီးယားနိုင်ငံသို့ ခရီးစဉ်ရောက်ရှိနေသော မြန်မာနိုင်ငံ သမ္မတ ဦးမင်းအောင်လှိုင်တို့ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့ရှိ ငြိမ်းချမ်းရေးနန်းတော်၌ နှစ်နိုင်ငံဆွေးနွေးပွဲကျင်းပပြုလုပ်ကြသည်ကို ၂၀၂၆ ခုနှစ် စက်တင်ဘာ ၁၁ ရက်ကတွေ့ရစဉ်
ကမ္ဘောဒီးယားနိုင်ငံနှင့် မြန်မာနိုင်ငံတို့သည် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုများနှင့် အွန်လိုင်းလိမ်လည်မှုများအား တိုက်ဖျက်ရာတွင် ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုအားကောင်းစေရန် ကတိပြုခဲ့ကြကြောင်း ကမ္ဘောဒီးယားနိုင်ငံ နိုင်ငံခြားရေးနှင့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာနမှ စက်တင်ဘာ ၁၃ ရက်၌ ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါထုတ်ပြန်ချက်သည် မြန်မာနိုင်ငံ သမ္မတ ဦးမင်းအောင်လှိုင်၏ စက်တင်ဘာ ၁၁ ရက်မှ ၁၂ ရက်အထိ ကမ္ဘောဒီးယားနိုင်ငံသို့ သွားရောက်ခဲ့သော နိုင်ငံတော်ခရီးစဉ် ပြီးဆုံးပြီးနောက် ထွက်ပေါ်လာခြင်း ဖြစ်သည်။
"အွန်လိုင်းလိမ်လည်မှုတွေ အပါအဝင် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုတွေကြောင့် ဖြစ်ပေါ်လာတဲ့ ရှုပ်ထွေးတဲ့ ဒေသတွင်း စိန်ခေါ်မှုတွေကို အသိအမှတ်ပြုရင်း ခေါင်းဆောင်တွေက အဲဒီရာဇဝတ်မှုတွေကို တိုက်ဖျက်ခြင်း၊ အချိန်နဲ့တစ်ပြေးညီ သတင်းအချက်အလက် ဖလှယ်ခြင်း၊ ကြိုတင်ကာကွယ်ရေးနဲ့ တရားဥပဒေစိုးမိုးရေးတို့အတွက် အပြန်အလှန်ပံ့ပိုးမှု ခိုင်မာစေခြင်းနဲ့ အရေးပေါ်ကူညီကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်ခြင်းတွေမှာ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်ဖို့ လိုအပ်ကြောင်းကို အလေးထားပြောကြားခဲ့ကြပါတယ်" ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါအာဆီယံအဖွဲ့ဝင်နှစ်နိုင်ငံစလုံးအနေဖြင့် ဒေသတွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးတိုးတက်ရေးအား အထောက်အကူဖြစ်စေရန်အတွက် နယ်ပယ်အသီးသီး၌ နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုခိုင်မာစေရန်လည်း သဘောတူညီခဲ့ကြသည်ဟု ထုတ်ပြန်ချက်၌ ဖြည့်စွက်ဖော်ပြထားကြောင်း သိရသည်။

ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့၌ ကမ္ဘောဒီးယားအထက်လွှတ်တော်ဥက္ကဋ္ဌနှင့် ယာယီနိုင်ငံတော်အကြီးအကဲ ဆမ်ဒက် တက်ချို ဟွန်ဆန်ကဧည့်ခံကျင်းပသည့် ကြိုဆိုရေးအခမ်းအနားသို့ မြန်မာနိုင်ငံ သမ္မတ ဦးမင်းအောင်လှိုင် (ဝဲ) တက်ရောက်လာသည်ကို ၂၀၂၆ ခုနှစ် စက်တင်ဘာ၁၁ရက်က တွေ့ရစဉ်