မြန်မာနိုင်ငံတွင် ၂၀၂၆ ခုနှစ် နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ အခမ်းအနား ကျင်းပ

Xinhua,    September 18, 2026
Size:

၂၀၂၆ ခုနှစ် နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ အခမ်းအနားကို မြန်မာနိုင်ငံ နေပြည်တော်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း စက်တင်ဘာ ၉ ရက်ထုတ် နိုင်ငံပိုင် Global New Light of Myanmar သတင်းစာ၏ ဖော်ပြချက်အရ သိရသည်။

စက်တင်ဘာ ၈ ရက်က ကျင်းပသော အဆိုပါအခမ်းအနား၌ မြန်မာနိုင်ငံ သမ္မတ ဦးမင်းအောင်လှိုင်က မြန်မာနိုင်ငံ၏ စာတတ်မြောက်မှုနှုန်းမှာ ၉၂.၁ ရာခိုင်နှုန်းအထိ မြင့်တက်လာပြီး တွက်ချက်မှုတတ်မြောက်နှုန်းမှာလည်း ၉၂.၃ ရာခိုင်နှုန်းအထိ မြင့်တက်လာကြောင်း ၂၀၂၄ ခုနှစ် သန်းခေါင်စာရင်းကို ကိုးကား၍ ပြောကြားခဲ့သည်။

စာတတ်မြောက်မှုသည် အခြေခံလူ့အခွင့်အရေးတစ်ရပ် ဖြစ်သကဲ့သို့ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် မရှိမဖြစ်လိုအပ်သော မောင်းနှင်အားတစ်ရပ်လည်းဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

“အားလုံးအတွက် ပညာရေး” ဟူသော မူဝါဒနှင့်အညီ ကျေးလက်နှင့် ဝေးလံခေါင်သီသော ဒေသများတွင် နေထိုင်သူများအပါအဝင် လူတိုင်း စာတတ်မြောက်နိုင်ရန် ကျောင်းမနေနိုင်သည့် ကလေးငယ်များအတွက် အခြေခံ စာတတ်မြောက်ရေးလုပ်ငန်းများ အကောင်အထည်ဖော်ရေး၊ ပညာရေးအစီအစဉ်များနှင့် ကျောင်းပြင်ပ မူလတန်းနှင့် အလယ်တန်း ပညာရေးအစီအစဉ်များ ဆက်လက်ဖော်ဆောင်ရေးအတွက် အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်ကြရန် ၎င်းက တိုက်တွန်းခဲ့သည်။

ထို့အတူ မြန်မာနိုင်ငံတစ်ဝန်းရှိ အခြား ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင်လည်း အလားတူ အခမ်းအနားများ ကျင်းပခဲ့ကြောင်း သိရသည်။