ဩဂုတ်လ ၂၈ ရက်နေ့တွင် တရုတ်ကင်းလှည့်ရေယာဉ် အမှတ် ၅၃၁၀၉ သည် ဆစ်ဆောင်ပနားရှိ ကျင်းဟာရဲတပ်ဖွဲ့ ဆိပ်ကမ်းသို့ အောင်မြင်စွာ ပြန်လည်ရောက်ရှိခဲ့သည်။ ၎င်းသည် ၁၆၈ ကြိမ်မြောက် တရုတ်-လာအို-မြန်မာ-ထိုင်း မဲခေါင်မြစ် ပူးတွဲကင်းလှည့်ရေးနှင့် ဥပဒေစိုးမိုးရေး ဆောင်ရွက်မှု အောင်မြင်စွာ ပြီးစီးခဲ့ခြင်း ဖြစ်သည်။ ဤဆောင်ရွက်မှုသည် တရုတ်-လာအို-မြန်မာ-ထိုင်း လေးနိုင်ငံမှ ဥပဒေစိုးမိုးရေးဌာနများ၏ သဘောတူညီချက်ကို အကောင်အထည်ဖော်ရန် ရည်ရွယ်ပြီး "ဘေးကင်းသော လန်ချန်း-မဲခေါင်ဒေသကို အတူတည်ဆောက်ခြင်း" ခေါင်းစဉ်ဖြင့် ဆောင်ရွက်ခဲ့ကြောင်း၊ လုပ်ဆောင်မှုကာလအတွင်း နိုင်ငံလေးနိုင်ငံ၏ ပူးတွဲကင်းလှည့်ရေးနှင့် ဥပဒေစိုးမိုးရေးလုပ်ငန်းများ၊ အပိုင်းလိုက် ရေကြောင်းကင်းလှည့်ခြင်း၊ ရေကြောင်းနှင့် ကုန်းမြေ ပူးတွဲစစ်ဆေးခြင်းတို့အပြင် တရုတ်-လာအို-မြန်မာ သုံးနိုင်ငံ ပူးပေါင်းလေ့ကျင့်ရေး စသည့် ဥပဒေစိုးမိုးရေး လုပ်ငန်းများကို အဆင့်ဆင့် ဆောင်ရွက်ခဲ့သည်။ အဆိုပါ လုပ်ဆောင်ချက်များသည် မဲခေါင်မြစ်ပေါ်တွင် ရေကြောင်းသွားလာမှု ဘေးကင်းရေးကို ထိရောက်စွာ ထိန်းသိမ်းနိုင်ခဲ့ပြီး မြစ်ကြောင်းတစ်လျှောက် နေထိုင်ကြသည့် ပြည်သူများ၏ အသက်အန္တရာယ်နှင့် ပိုင်ဆိုင်မှုများကို ကာကွယ်စောင့်ရှောက်ပေးနိုင်ခဲ့သည်။ ထို့အပြင် လန်ချန်း-မဲခေါင်မြစ်ဝှမ်းဒေသ၏ ရေရှည်တည်ငြိမ်ရေး နှင့် ပူးပေါင်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ခိုင်မာသော လုံခြုံရေး အတားအဆီးတစ်ခုကိုလည်း တည်ဆောက်ပေးနိုင်ခဲ့ကြောင်း သတင်းအရ သိရသည်။