ကမ္ဘောဒီးယား နှင့် ထိုင်း နှစ်နိုင်ငံတို့သည် အပြုသဘောဆောင်သော ညှိနှိုင်းဆွေး နွေးခြင်းဖြင့် နယ်စပ်ဒေသ ပဋိပက္ခကို ငြိမ်းချမ်းစွာ ကိုင်တွယ်ဖြေရှင်းရေးတွင် အတူကြိုးပမ်း အား ထုတ်ကြနိုင်သည်ဟု တရုတ် မျှော်လင့်

CGTN,    August 26, 2026
Size:

သြဂုတ်လ ၁၂ရက်နေ့က China Media Groupမှ သတင်းထောက်က ကမ္ဘောဒီးယား-ထိုင်းနယ်စပ် ပဋိပက္ခနှင့်ပတ်သက်ပြီး မကြာသေးမီက မီဒီယာအချို့က တရုတ်-ကမ္ဘောဒီးယား စစ်ဘက်ဆိုင်ရာ အသုံးအဆောင်ပစ္စည်းများ ပူးပေါင်းဆောင်ရွက်မှုကို   အာရုံစိုက်နေခြင်းနှင့်စပ်လျဉ်း၍ တရုတ်နိုင်ငံသည် မည်သို့ တုံ့ပြန်ချက်ရှိသနည်းဟူသော မေးမြန်းချက်ကို တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ကိုကျားခွင်က ပြန်လည် ဖြေကြားခဲ့ပါသည်။

ကိုကျားခွင်က တရုတ်နိုင်ငံသည် ကမ္ဘောဒီးယား၊ ထိုင်းတို့နှင့် ချစ်ခင်ရင်းနှီးသော အိမ်နီးချင်း နိုင်ငံများဖြစ်ကြပြီး ပုံမှန် စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို ဆောင်ရွက် နေသည်ဟု တရုတ်နိုင်ငံက ကြိမ်ဖန်များစွာ ထပ်မံပြောကြားခဲ့ကြောင်း၊ တရုတ် နိုင်ငံသည် ကမ္ဘောဒီးယား၊ ထိုင်းတို့နှင့် နှစ်ဖက်ပူးပေါင်းဆောင်ရွက်မှုသည် မည်သည့်တတိယ အဖွဲ့အစည်းကိုမျှ ရည်ရွယ်ခြင်းမရှိသည့်အပြင် ကမ္ဘောဒီးယား-ထိုင်း နယ်စပ် ပဋိပက္ခနှင့် လည်း မသက်ဆိုင်ကြောင်း၊ ကမ္ဘောဒီးယား နှင့် ထိုင်း နှစ်နိုင်ငံတို့အနေနှင့် အပြုသဘော ဆောင်သော ညှိနှိုင်းဆွေးနွေးခြင်းဖြင့် နယ်စပ်ဒေသ ပဋိပက္ခကို ငြိမ်းချမ်းစွာ ကိုင်တွယ် ဖြေရှင်းရေးမှာ အတူကြိုးပမ်းအားထုတ်ကြနိုင်သည်ဟု မျှော်လင့်ကြောင်း၊ တရုတ် နိုင်ငံသည် ယင်းအတွက် အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ဆက်လက်ပါဝင်ဆောင်ရွက်ရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့ပါသည်။