၂၀၂၆ ခုနှစ် ဇွန် ၃၀ ရက်အထိ တရုတ်-လာအိုရထားလမ်း၏ ကုန်စည်ပို့ဆောင်ရေး အမျိုးအစားသည် ၁၀ မျိုးကျော်မှ ၃,၉၀၀ ကျော်အထိ ရှိလာပြီဖြစ်ပြီး နိုင်ငံနှင့် ဒေသပေါင်း ၁၉ ခုကို လွှမ်းခြုံထားကာ တရုတ်နိုင်ငံ ပြည်တွင်းရှိ နိုင်ငံခြားကုန်သွယ်ရေး ကုမ္ပဏီပေါင်း ၇,၀၀၀ ကျော်ကို ဝန်ဆောင်မှုပေးလျက်ရှိကြောင်း သိရသည်။ ယခုနှစ် ပထမနှစ်ဝက်တွင် တရုတ်-လာအို ရထားလမ်းမှ ပို့ဆောင်သော ပို့ကုန်သွင်းကုန် တန်ဖိုးပမာဏသည် ယွမ် ၁၇.၁၇ ဘီလီယံရှိပြီး ယမန်နှစ်ကာလတူထက် ၃၃.၈ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်။ ၎င်းအနက် စွမ်းအင်သစ်ကား၊ လီသီယမ်ဘက်ထရီ၊ နေရောင်ခြည်စွမ်းအင်သုံးထုတ်ကုန်များ ပို့ကုန် တန်ဖိုး ပမာဏသည် ယွမ် ၂.၁၄ ဘီလီယံရှိပြီး ၃၄၈.၅ ရာခိုင်နှုန်း မြင့်တက်လာခဲ့ရာ နယ်စပ်ဖြတ်ကျော် ကုန်သွယ်ရေး တိုးတက်မှု၏ ထူးခြားချက် ဖြစ်လာခဲ့သည်။