၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံမှ သစ်သီးနှင့် ဟင်းသီးဟင်းရွက် တန်ချိန် ၃၇၀,၀၀၀ ကျော် တင်ပို့

Xinhua,    July 30, 2026
Size:

မြန်မာနိုင်ငံသည် ၂၀၂၅-၂၆ ဘဏ္ဍာနှစ်အတွင်း သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက် တန်ချိန် ၃၇၀,၀၀၀ ကျော် တင်ပို့နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ သန်း ၂၂၀ ခန့် ဝင်ငွေ ရရှိခဲ့ကြောင်း မြန်မာနိုင်ငံ သစ်သီးဝလံ၊ပန်းမန်နှင့်ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှ ဇူလိုင် ၂၂ ရက်တွင် သိရသည်။ 

ယင်းကာလအတွင်း တစ်သျှူးနည်းပညာဖြင့် စိုက်ပျိုးထားသော ငှက်ပျောသီးများနှင့် ဖရဲသီးများမှာ တင်ပို့ခဲ့သည့် သစ်သီးနှင့် ဟင်းသီးဟင်းရွက်များအနက် ပမာဏ အများဆုံးဖြစ်ကြောင်း အဆိုပါ (MFVP) အသင်း၏ အတွင်းရေးမှူး ဦးပြည့်သာစံ ဆင်ဟွာသို့ ပြောကြားသည်။

မြန်မာနိုင်ငံ၏ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များကို တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ ရုရှားနိုင်ငံ၊ စင်ကာပူနိုင်ငံ၊ ဂျပန်နိုင်ငံနှင့် မလေးရှားနိုင်ငံများသို့  အဓိကတင်ပို့လျက်ရှိကြောင်း ၎င်းက ဆိုသည်။

အဆိုပါအသင်းအနေဖြင့် ၂၀၂၆-၂၇ ဘဏ္ဍာနှစ်တွင် သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက် တန်ချိန် ၆၀၀,၀၀၀ ကျော် တင်ပို့နိုင်ရန် ရည်မှန်းထားကြောင်း သိရသည်။

ထို့အပြင် မြန်မာနိုင်ငံ၏ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပို့ကုန်ထုတ်ကုန်အသစ်များ ဖွံ့ဖြိုးတိုးတက်လာစေရန် ဆောင်ရွက်လျက်ရှိပြီး လက်ရှိတင်ပို့လျက်ရှိသော သီးနှံများအနေဖြင့်လည်း ရည်မှန်းထားသည့် တင်ပို့မှုပမာဏများ ပြည့်မီစေရန် ပံ့ပိုးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။