လာအိုနိုင်ငံသည် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့၏ ဆွေးနွေးဖက်နိုင်ငံအဖြစ် တရားဝင် ဖြစ်လာ

CGTN,    July 16, 2026
Size:

ဇူလိုင်လ ၁ဝ ရက်နေ့ နံနက်ပိုင်းတွင် လာအိုပြည်သူ့ ဒီမိုကရက်တစ်သမ္မတနိုင်ငံအား ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့၏ ဆွေးနွေးဖက်နိုင်ငံအဖြစ် အသိအမှတ်ပြုသည့် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ပေကျင်မြို့၌ ကျင်းပခဲ့သည်။

ယမန်နှစ်က ကျင်းပခဲ့သည့် ထျန်းကျင်းထိပ်သီးအစည်းအဝေးတွင် အဖွဲ့ဝင်နိုင်ငံများ၏ ခေါင်းဆောင်များက လာအိုနိုင်ငံအား ဆွေးနွေးဖက်နိုင်ငံအဖြစ် လက်ခံရန် တညီတညွတ်တည်း သဘောတူခဲ့ကြသည်။ ယခုအချိန်အထိ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့တွင် တရားဝင်အဖွဲ့ဝင်နိုင်ငံ ၁၀ နိုင်ငံ၊ စောင့်ကြည့်လေ့လာသူနိုင်ငံ ၂ နိုင်ငံနှင့် လာအိုနိုင်ငံအပါအဝင် ဆွေးနွေးဖက်နိုင်ငံ ၁၅ နိုင်ငံ ရှိလာပြီဖြစ်သည်။