မြန်မာနိုင်ငံ သမ္မတ လာအိုနိုင်ငံသို့ နိုင်ငံတော်ခရီးစဉ်အဖြစ် ရောက်ရှိလာ

Xinhua,    July 07, 2026
Size:

မြန်မာနိုင်ငံ သမ္မတ လာအိုနိုင်ငံသို့ နိုင်ငံတော်ခရီးစဉ်ရောက်ရှိလာသည်ကို ၂၀၂၆ ခုနှစ် ဇူလိုင် ၃ ရက်က တွေ့ရစဉ်

မြန်မာနိုင်ငံ သမ္မတ ဦးမင်းအောင်လှိုင်သည် ၎င်း၏ ဇနီး၊ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့နှင့်အတူ လာအိုနိုင်ငံသို့ ဇူလိုင် ၃ ရက်မှ ၅ ရက်အထိ နိုင်ငံတော်ခရီးစဉ်အဖြစ် မြို့တော် ဗီယင်ကျန်းသို့ ဇူလိုင် ၃ ရက်၌ ရောက်ရှိလာခဲ့ကြောင်း သိရသည်။

အဆိုပါ ခရီးစဉ်သည် လာအိုနိုင်ငံနှင့် မြန်မာနိုင်ငံအကြား သံတမန်ဆက်ဆံရေးထူထောင်ခြင်း နှစ် ၇၀ ပြည့် အထိမ်းအမှတ်အဖြစ် လာအိုနိုင်ငံ သမ္မတ ထောင်လွန်း ဆီဆုလစ်၏ ဖိတ်ကြားချက်ဖြင့် လာရောက်ခြင်းဖြစ်သည်။

ယခု နိုင်ငံတော်ခရီးစဉ်သည် အိမ်နီးချင်းနှစ်နိုင်ငံအကြား ကာလရှည် ချစ်ကြည်ရင်းနှီးမှု တစ်ဆင့်တိုးခိုင်မာရန်နှင့် အနီးကပ်ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့ရန် ရည်ရွယ်ကြောင်း ဇူလိုင် ၃ ရက်ထုတ် Vientiane Mai သတင်းစာဖော်ပြချက်အရ သိရသည်။