တရုတ်-လာအို ရထားလမ်း၏ လာအိုအပိုင်း ပထမအဆင့် သံလမ်း မျက်နှာပြင် ညှိခြင်း လုပ်ငန်း rail-grinding ပြီးစီး

CGTN,    July 08, 2026
Size:

ဇူလိုင်လ ၅ ရက်နေ့ နံနက်အစောပိုင်းက rail-grinding လုပ်ငန်း တာဝန်  ပြီးမြောက် ခဲ့သည့်  ယာဉ်သည် ဘိုတန်ဘူတာရုံသို့ ဖြည်းဖြည်းချင်း မောင်းနှင်ဝင်ရောက်ခြင်းနှင့်အတူ တရုတ်-လာအို ရထားလမ်း၏ လာအိုအပိုင်း ပထမအဆင့်မှ ၁၄၄  ကီလိုမီတာရှည်လျားသော သံလမ်းတွင် အကြီးစား စက်ကိရိယာများဖြင့် rail-grinding လုပ်ငန်းကို အောင်မြင်စွာ ပြုလုပ်ပြီးစီးခဲ့သည်။ ယင်းသည် ယခုနှစ် သြဂုတ်လတွင် ပြုလုပ်မည့် ဒုတိယအဆင့် rail-grinding လုပ်ငန်းအတွက် အဖိုးတန် အတွေ့အကြုံများကို စုဆောင်းပေးနိုင်ခဲ့ပြီး တရုတ်-လာအို ရထားလမ်း ဘေးကင်းစွာ  ပြေးဆွဲနိုင်ရေး အတွက် ပိုမိုခိုင်မာစွာ အာမခံပေးထားသည်။