
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီး ပရက် ဆိုခွန်း (Prak Sokhonn)၊ ဒုတိယဝန်ကြီးချုပ် ဆွန်းချန်သောလ် (Sun Chanthol) တို့ တရုတ်နိုင်ငံ ပေကျင်းမြို့တွင် ၂၀၂၆ ခုနှစ်ဇွန် ၂၆ ရက်က တွေ့ဆုံဆွေးနွေးစဉ်
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီး ပရက် ဆိုခွန်း (Prak Sokhonn)၊ ဒုတိယဝန်ကြီးချုပ် ဆွန်းချန်သောလ် (Sun Chanthol) တို့နှင့် တရုတ်နိုင်ငံ ပေကျင်းမြို့တွင် ဇွန် ၂၆ ရက်က တွေ့ဆုံဆွေးနွေးခဲ့သည်။ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ဝမ်ရိက အထွေထွေအတွင်းရေးမှူးချုပ် ရှီကျင့်ဖိန်နှင့် ဥက္ကဋ္ဌ ဟွန်ဆင်တို့သည် ခေတ်သစ် အချိန်အခါမရွေး တရုတ်-ကမ္ဘောဒီးယား အေးအတူပူအမျှအသိုက်အဝန်း တည်ဆောက်ရေးကို နက်ရှိုင်းစေရန် မဟာဗျူဟာမြောက် သဘောတူညီချက်အသစ်တစ်ရပ် ရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။
မိမိတို့အနေဖြင့် နှစ်နိုင်ငံခေါင်းဆောင်များအကြား ရရှိထားသော အရေးကြီး သဘောတူညီချက်ကို လက်တွေ့အကောင်အထည်ဖော်ရမည် ဖြစ်ပြီး တရုတ်-ကမ္ဘောဒီးယား ဆက်ဆံရေးကို တရုတ်နိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများကြား ဆက်ဆံရေး၏ စံနမူနာဖြစ်လာစေရမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် ကမ္ဘောဒီးယား၏ အခိုင်မာဆုံးသော မဟာဗျူဟာမြောက် မှီခိုအားထားမှု၊ ယုံကြည်အားထားရဆုံး ပူးပေါင်းဆောင်ရွက်မှုမိတ်ဖက်နှင့် အေးအတူ ပူအမျှ သံမဏိပမာ ခိုင်မြဲသော မိတ်ဆွေအဖြစ် အမြဲတမ်း ရှိနေမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ပရက် ဆိုခွန်းက နိုင်ငံတကာနှင့် ဒေသတွင်း ကိစ္စရပ်များတွင် တရုတ်နိုင်ငံသည် ပိုမို အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်လာခြင်းကို ကမ္ဘောဒီးယားက လေးစားချီးကျူးကြောင်း ဖော်ပြခဲ့သည်။ ဆွန်းချန်သောလ်က တရုတ်စီးပွားရေးလုပ်ငန်းများ ကမ္ဘောဒီးယားတွင်း ရင်းနှီးမြှုပ်နှံ၍ လုပ်ငန်းတိုးတက်အောင် ဆောင်ရွက်ခြင်းကို ကြိုဆိုပြီး ဘေးကင်းလုံခြုံသော စီးပွားရေးပတ်ဝန်းကျင်တစ်ခု ဖန်တီးရန် အစွမ်းကုန် ကြိုးစားသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။