မြန်မာနိုင်ငံ ရန်ကုန်မြို့တွင် ၂၀၂၆ ခုနှစ် Agri-Tech Myanmar ပြပွဲ ကျင်းပ

,    June 30, 2026
Size:

မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ ရန်ကုန်ကွန်ဗင်းရှင်းစင်တာ၌ ကျင်းပသော ၂၀၂၆ ခုနှစ် Agri-Tech Myanmar ပြပွဲတွင် လာရောက်လေ့လာသူများကို ၂၀၂၆ ခုနှစ် ဇွန် ၂၆ ရက်က တွေ့ရစဉ် 

မြန်မာနိုင်ငံ လယ်ယာစိုက်ပျိုးရေးဆိုင်ရာပြပွဲဖြစ်သော ၂၀၂၆ ခုနှစ် Agri-Tech Myanmar ပြပွဲကို ရန်ကုန်ကွန်ဗင်းရှင်းစင်တာတွင် ဇွန် ၂၆ ရက်က စတင်ကျင်းပခဲ့သည်။ အဆိုပါ ပြပွဲတွင် စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍမှ ပြပွဲပြသသူ ၅၄ ဦး၊ စားသောက်ကုန်လုပ်ငန်းကဏ္ဍမှ ၄၇ ဦး၊ အ‌သေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများမှ ၈၀ ဦး၊ ဘဏ္ဍာရေးကဏ္ဍမှ နှစ်ဦး ပါဝင်ပြသခဲ့ကြောင်း ယင်းပြပွဲ ဖြစ်မြောက်ရေးစီစဉ်သူ ဦးဇာနည်က ဆင်ဟွာကို ပြောသည်။ယခုနှစ်ပြပွဲက စီးပွားရေးလုပ်ငန်းရှင်များအား သတင်းအချက်အလက်ရရှိရန်၊ ထုတ်ကုန်သစ်များနှင့် နည်းပညာသစ်များ လေ့လာစူးစမ်းရန်နှင့် ကုန်ပစ္စည်းပေးသွင်းသူများ၊ အလားအလာရှိသော စီးပွားရေး မိတ်ဖက်များနှင့် ချိတ်ဆက်ရန် ပေါင်းကူးတံတားအဖြစ် ပံ့ပိုးမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ ယခုနှစ်ပြပွဲ ဖွင့်ပွဲပြုလုပ်သည့် နံနက်ပိုင်းအချိန်၌ လာရောက်သူအရေအတွက်မှာ ယခင်ပြပွဲထက် သုံးဆခန့် ပိုမိုများပြားကြောင်း ၎င်းက ထပ်လောင်းပြောသည်။ဇွန် ၂၆ ရက်မှ ၂၈ ရက်အထိ သုံးရက်ကြာ ပြုလုပ်သည့် အဆိုပါပြပွဲတွင် လယ်ယာစိုက်ပျိုးရေးနှင့် မွေးမြူရေး ဖွံ့ဖြိုးတိုးတက်မှု၊ စားသုံးရန်သင့်လျော်သော ငှက်သိုက်မွေးမြူရေးနှင့် ထုတ်လုပ်ရေး၊ စားသောက်ကုန်လုပ်ငန်း စသည်တို့နှင့် စပ်လျဉ်းသော ဆွေးနွေးပွဲများ ထည့်သွင်းကျင်းပမည်ဖြစ်ကြောင်း သိရသည်။