
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီ ဒုတိယဥက္ကဋ္ဌ လီဟုန်ကျုံးနှင့် မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေ မြို့တော် ပေကျင်း၌ ၂၀၂၆ ခုနှစ် ဇွန် ၅ ရက်က တွေ့ရစဉ်
တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီ ဒုတိယဥက္ကဋ္ဌ လီဟုန်ကျုံးနှင့် မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေတို့ ပေကျင်းမြို့၌ ဇွန် ၅ ရက်က တွေ့ဆုံခဲ့ကြောင်း သိရသည်။
တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံအား ၎င်းတို့နိုင်ငံအခြေအနေနှင့် ကိုက်ညီသော ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းအား လျှောက်လှမ်းရာ၌ အစဉ်သဖြင့် ထောက်ခံသွားမည်ဖြစ်သလို ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းစေရေး၊ ဥပဒေပြုရေးအဖွဲ့များအကြား ချစ်ကြည်ရင်းနှီးမှု ခိုင်မာရေး၊ ပြည်သူအချင်းချင်း ပိုမိုနီးကပ်သောဆက်ဆံမှု မြှင့်တင်ရေးနှင့် တရုတ်-မြန်မာ ဆက်ဆံရေး စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု တိုးမြှင့်ရေးအတွက် အသင့်ရှိကြောင်း လီက ပြောခဲ့သည်။
မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေက မြန်မာနိုင်ငံအနေဖြင့် တရုတ်တစ်နိုင်ငံတည်း မူဝါဒကို အခိုင်အမာ ထောက်ခံကြောင်း၊ နှစ်နိုင်ငံအကြား ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးကို ရှေ့ဆက်ဖော်ဆောင်ရေး၊ ကမ္ဘာလုံးဆိုင်ရာ အဓိက အစီအမံလေးရပ်ကို ပူးတွဲအကောင်အထည်ဖော်ရေး၊ လက်တွေ့ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းရေးနှင့် ဥပဒေပြုအဖွဲ့အစည်းများအကြား ကူးလူးဖလှယ်မှု မြှင့်တင်ရေးအတွက် ဆောင်ရွက်သွားလိုကြောင်း ပြောကြားခဲ့သည်။