
လာအိုပြည်သူ့တော်လှန်ရေးပါတီ၊ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး၊ လာအို နိုင်ငံသမ္မတ Thongloun Sisoulith နှင့်အဖွဲ့သည် ဇွန်လ ၃ ရက်နေ့က ဒေသတွင်း အောင်မြင်ကျော်ကြားသော မြစိမ်းရောင်ဖွံ့ဖြိုးတိုးတက်ရေး အတွေ့အကြုံများကို လေ့လာရန် တရုတ်နိုင်ငံ ကျဲ့ကျန်း ပြည်နယ် ဟူကျိုးမြို့ အန်ဂျီခရိုင်သို့ သွားရောက် ခဲ့ပါသည်။
အန်ဂျီခရိုင် ယူရွာသည် “စိမ်းလန်းစိုပြေသောတောတောင်ရေမြေသည် ရွှေတောင် ငွေတောင်ပင် ဖြစ်သည်”ဟူသော အရေးကြီးသော အခြေခံ သဘောတရား အတွေးအခေါ် စတင်မြစ်ဖျားခံရာ နေရာ ဖြစ်ပါသည်။ ဒေသခံတို့က “စိမ်းလန်းစိုပြေသောတောတောင် ရေမြေသည် ရွှေတောင်ငွေတောင်ပင် ဖြစ်သည်”ဟူသော အတွေးအခေါ်၏ လမ်းညွှန်ချက် အရ ယူရွာသည် ဂေဟစနစ်လှပပြီး လုပ်ငန်း ထွန်းကားကာ ပြည်သူ လူထုကြွယ်ဝချမ်းသာ သော ရေရှည် ဖွံ့ဖြိုးတိုးတက်ရေး လမ်းကြောင်းအတိုင်း ရှေ့သို့ချီတက်နေကြောင်း Thongloun Sisoulith အား မိတ်ဆက် ပြောကြားခဲ့ပါသည်။
လာအိုပြည်သူ့တော်လှန်ရေးပါတီ ဗဟိုကော်မတီ အပြည်ပြည်ဆိုင်ရာဆက်ဆံရေးဌာန ဝန်ကြီး Bounleua Phandanouvong က စိမ်းလန်းစိုပြေသောတောတောင်ရေမြေ ဂေဟစနစ် တည်ဆောက်ပုံနှင့် ၄င်းရွာ၏ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လက်တွေ့ ဆောင်ရွက်မှုများမှ အဖိုးတန်သော အတွေ့အကြုံများကို မိမိတို့ သင်ယူလေ့လာခဲ့ရကြောင်း ပြောကြား ခဲ့ပါသည်။