တရုတ်-ထိုင်း နိုင်ငံခြားရေးဝန်ကြီးများ တိုင်ပင်ဆွေးနွေးရေးယန္တရား၏ တတိယအကြိမ် အစည်း အဝေးကျင်းပ

CGTN,    May 09, 2026
Size:

ဧပြီလ ၂၄ ရက်နေ့တွင် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့ ကော်မတီဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီး စီဟာဆတ် နှင့်အတူ ဘန်ကောက်မြို့တွင် တရုတ်-ထိုင်း နိုင်ငံခြားရေးဝန်ကြီးများ တိုင်ပင်ဆွေးနွေးရေးယန္တရား၏ တတိယအကြိမ် အစည်းအဝေးကို ကျင်းပခဲ့ပါသည်။

ဝမ်ယိက တရုတ်နိုင်ငံသည် ထိုင်းနိုင်ငံနှင့်အတူ နှစ်နိုင်ငံခေါင်းဆောင်များ၏ မဟာဗျူဟာမြောက် သဘောတူညီချက်ဖြင့်   နိုင်ငံခြားရေးဝန်ကြီးများ တိုင်ပင်ဆွေးနွေးရေးယန္တရား၏ ညှိနှိုင်းဆောင်ရွက်မှု အခန်းကဏ္ဍကို အသုံးချရန် ဆန္ဒရှိကြောင်း၊ တရုတ်နိုင်ငံသည် ပိုမိုတည်ငြိမ်၊ ကြွယ်ဝချမ်းသာပြီး ရေရှည် တည်တံ့သော တရုတ်-ထိုင်း ကံကြမ္မတူအသိုက်အဝန်း  တည်ဆောက်ရေးကို ဆက်လက်တိုးတက်စေရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။

စီဟာဆတ်ကလည်း ထိုင်းနိုင်ငံသည် တရုတ်နိုင်ငံနှင့် ဆက်ဆံရေးကို ယခင်အတိုင်းပင် အလွန်အလေးထားပြီး တရုတ်ပြည်တစ်ပြည်တည်းသာရှိရေးမူဝါဒကို ခိုင်မာစွာလိုက်နာကြောင်း၊  တရုတ်နိုင်ငံနှင့်အတူ နှစ်ဦးနှစ်ဖက် ဆက်သွယ်မှု၊ ကုန်သွယ်ရေးနှင့် စီးပွားရေး၊ အွန်လိုင်း လောင်းကစားမှု၊ ဆက်သွယ်ရေးလိမ်လည်မှုများကို တိုက်ဖျက်ခြင်း အပါအဝင် ကဏ္ဍအသီးသီးတွင် ဘက်စုံပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေရန် ဆန္ဒရှိကြောင်း၊ ထိုင်း-ကမ္ဘောဒီးယား နယ်စပ်အငြင်းပွားမှုနှင့်ပတ်သက်၍ တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်ပေးမှုများအတွက် ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။

ညှိနှိုင်းဆောင်ရွက်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းစေရန်နှင့် လန်ချန်း-မဲခေါင်ဒေသနိုင်ငံများ ကံကြမ္မတူ အသိုက်အဝန်း တည်ဆောက်ခြင်းကို အဆင့်သစ်သို့ မြှင့်တင်ရန် နှစ်ဖက်စလုံးက သဘောတူညီခဲ့ကြသည်ဟု သတင်းရရှိပါသည်။