တရုတ်နှင့် ကမ္ဘောဒီးယား နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများနှင့် ကာကွယ်ရေးဝန်ကြီးများ၏ ပထမဆုံးအကြိမ် "2+2" မဟာဗျူဟာမြောက် ဆွေးနွေးမှု ယန္တရား အစည်းအဝေးကို ကျင်းပ

CGTN,    April 29, 2026
Size:

ဧပြီလ ၂၂ ရက်နေ့က တရုတ်နှင့် ကမ္ဘောဒီးယား နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများနှင့် ကာကွယ်ရေးဝန်ကြီးများ၏ ပထမဆုံးအကြိမ် "2+2" မဟာဗျူဟာမြောက် ဆွေးနွေးမှု ယန္တရားအစည်းအဝေးကို ဖနွမ်းပင်၌ ကျင်းပခဲ့ပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ၊ ကာကွယ်ရေးဝန်ကြီး ဒေါင်ဂျွန် နှင့် ကမ္ဘောဒီးယား ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီး ပရက်ဆိုခွန်၊ ဒုတိယဝန်ကြီးချုပ်၊ ကာကွယ်ရေးဝန်ကြီး တီစီဟာ တို့နှင့်အတူ အစည်း အဝေးကို ပူးတွဲ ဦးစီးကျင်းပကာ နှစ်ဖက်တို့သည် နှစ်နိုင်ငံဆက်ဆံရေး၊ နိုင်ငံရေး  နှင့် ကာကွယ်ရေးဆိုင်ရာ လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုများ၊ နိုင်ငံတကာနှင့် ဒေသတွင်း အခြေ အနေများ  စသည့် အကြောင်းအရာများနှင့် ပတ်သက်၍ နက်ရှိုင်းစွာ အမြင်ချင်း ဖလှယ် ခဲ့သည့်အပြင် ကျယ်ပြန့်သော သဘောတူညီမှုများလည်း ရရှိခဲ့ကြသည်။

ဝမ်ယိက တရုတ်-ကမ္ဘောဒီးယား ကံကြမ္မာတူ အသိုက်အဝန်း တည်ဆောက်ရေးကို တွန်းအား ပေးရန် အကျိုးဆောင်မှုအသစ် ပြုလုပ်ရန်အတွက် တရုတ် နိုင်ငံသည် ကမ္ဘောဒီးယားနှင့်အတူ အဆိုပါ ယန္တရားကို နိုင်ငံရေးလုံခြုံမှု နှင့် ကာကွယ်ရေး လုံခြုံမှုဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုများကို မြှင့်တင်ပေးနိုင်သော မဟာဗျူဟာမြောက် ပလက်ဖောင်းတစ်ခုနှင့် တရုတ်နှင့် ကမ္ဘောဒီးယားအကြား အပြန်အလှန် ကူညီစောင့်ရှောက်မှု၊ စည်းလုံးညီညွတ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို ခိုင်မာစေနိုင်သော အရေးကြီးသော နည်းလမ်း တစ်ခုအဖြစ် တည်ဆောက်ရန် ဆန္ဒ ရှိကြောင်း ပြောကြားခဲ့သည်။

ပရက်ဆိုခွန်ကလည်း ကမ္ဘောဒီးယားသည် တရုတ်နိုင်ငံ တစ်နိုင်ငံတည်းသာရှိရေးမူကို ခိုင်မာစွာ လိုက်နာကျင့်သုံးပြီး အမျိုးသား ပြန်လည် တပေါင်းတစည်းတည်းဖြစ်ရေး အတွက် တရုတ်နိုင်ငံ၏ ကြိုးပမ်းဆောင်ရွက်မှုအားလုံးကို ခိုင်မာစွာထောက်ခံကြောင်း၊ ကမ္ဘောဒီးယား နိုင်ငံသည် တရုတ်နိုင်ငံနှင့်အတူ  “Diamond Hexagonal" (စိန်ပုံသဏ္ဍန်ခြောက်ထောင့်) ပူးပေါင်းဆောင်ရွက်မှု မူဘောင် ၊ "စက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးစင်္ကြံ" နှင့် "ငါးနှင့် ဆန်စင်္ကြံ" စသည့် လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှု စီမံကိန်းများကို  ဆက်လက် တိုးမြှင့်သွားရန်နှင့် ကမ္ဘောဒီးယား-တရုတ် ကံကြမ္မာတူ အသိုက်အဝန်း တည်ဆောက်ရေးတွင် ပိုမိုများပြားသော အောင်မြင်မှုများ ရရှိဖို့အတွက် ပူးတွဲ တွန်းအားပေးရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။