ကျယ်ကျယ်ပြန့်ပြန့် ပူးပေါင်းဆောင်ရွက်မှု အဆင့်မြှင့်တင်ရေးအတွက် တရုတ်နှင့် ဗီယက်နမ် ထိပ်တန်းခေါင်းဆောင်များ တွေ့ဆုံဆွေးနွေး

Xinhua,    April 24, 2026
Size:

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်နှင့် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် ဇနီး ဖုန်လိယွမ်၊ ဗီယက်နမ်ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူးချုပ်နှင့် ဗီယက်နမ်နိုင်ငံ သမ္မတ တိုလမ်နှင့် ဇနီး Ngo Phuong Ly တို့က မြို့တော် ပေကျင်းတွင် ရှီနှင့် တိုလမ် တွေ့ဆုံဆွေးနွေးပွဲမတိုင်မီ အဖွဲ့လိုက်မှတ်တမ်းဓာတ်ပုံရိုက်ကူးနေသည်ကို ၂၀၂၆ ခုနှစ် ဧပြီ ၁၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံက အရည်အသွေးမြင့် ဘက်စုံ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု အဆင့်မြှင့်တင်၍ ဗျူဟာမြောက်အရေးပါမှုကိုဖော်ဆောင်မည့် ပိုမိုအဆင့်မြင့်မားသော တရုတ်-ဗီယက်နမ် အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်မှု အရှိန်မြှင့်ဆောင်ရွက်မည်ဖြစ်ကြောင်း တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်နှင့် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ဧပြီ ၁၅ ရက်က ပြောကြားခဲ့သည်။ 

ရှီက တရုတ်နိုင်ငံသို့ နိုင်ငံတော်ခရီးစဉ်ရောက်ရှိနေသော ဗီယက်နမ်ကွန်မြူနစ်ပါတီ (CPV) အထွေထွေအတွင်းရေးမှူးချုပ်နှင့် ဗီယက်နမ်နိုင်ငံ သမ္မတ တိုလမ်နှင့် တွေ့ဆုံဆွေးနွေးစဉ် အထက်ပါအတိုင်း မှတ်ချက်ပြုပြောကြားခဲ့ခြင်း ဖြစ်သည်။ 

အဆိုပါ ခရီးစဉ်သည် တိုလမ်အနေဖြင့် ယခုလဆန်းပိုင်းတွင် ဗီယက်နမ်နိုင်ငံ သမ္မတအဖြစ် ရွေးကောက်ခံရပြီးချိန်မှစ၍ ပထမဆုံး ပြည်ပနိုင်ငံခရီးစဉ်လည်း ဖြစ်သည်။ 

ထိုခရီးစဉ်မှာ အရှေ့တောင်အာရှနိုင်ငံဖြစ်သော ဗီယက်နမ်နိုင်ငံသို့ ရှီ၏ သမိုင်းဝင်ခရီးစဉ်ပြီးနောက် တစ်နှစ်အကြာ၌ ဖြစ်ပေါ်လာခြင်းလည်း ဖြစ်သည်။