မတ်လ ၁၆ ရက်နေ့တွင် တရုတ်-ဗီယက်နမ် သံတမန်ရေး၊ ကာကွယ်ရေးနှင့် ပြည်သူ့လုံခြုံရေးဆိုင်ရာ "၃+၃" မဟာဗျူဟာမြောက် ဆွေးနွေးပွဲစနစ် ပထမအကြိမ် ဝန်ကြီးအဆင့် အစည်းအဝေးကို ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့၌ ကျင်းပခဲ့ရာ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ၊ ပြည်သူ့လုံခြုံရေးဝန်ကြီး ဝမ်ရှောင်ဟုန်၊ ကာကွယ်ရေးဝန်ကြီး ဒုင်ကျွန့်နှင့် ဗီယက်နမ် နိုင်ငံခြားရေးဝန်ကြီး ဘူထန်ဆွန်၊ ကာကွယ်ရေးဝန်ကြီး ဖန်ဗန်ကျန်းနှင့် ပြည်သူ့လုံခြုံရေးဝန်ကြီး လွမ်တမ်ကွမ်တို့ ပူးတွဲဦးစီးကျင်းပခဲ့သည်။ နှစ်ဖက်တို့သည် "ဖွံ့ဖြိုးတိုးတက်ရေးနှင့် လုံခြုံရေးကို ဘက်ပေါင်းစုံမှနေစီမံခန့်ခွဲခြင်း၊ ဆိုရှယ်လစ်လမ်းကြောင်းအတိုင်း ကောင်းမွန်စွာ လျှောက်လှမ်းခြင်း၊ ဘုံစိန်ခေါ်မှုများကို လက်တွဲရင်ဆိုင်ဖြေရှင်းခြင်း" ဆောင်ပုဒ်ဖြင့် နိုင်ငံတကာအခြေအနေပြောင်းလဲမှုများ၊ နိုင်ငံရေးလုံခြုံရေးကို ထိန်းသိမ်းခြင်းနှင့် ကာကွယ်ရေးဆိုင်ရာ ဥပဒေစိုးမိုးရေး ပူးပေါင်းဆောင်ရွက်မှု စသည်တို့ နှင့်ပတ်သက်၍ နက်ရှိုင်းစွာ အမြင်ချင်းဖလှယ်ခဲ့ကြပြီး ကျယ်ပြန့်သော သဘောတူညီမှုများ ရရှိခဲ့ကြသည်။


