မကြာမီက တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီ ဥက္ကဋ္ဌ ကျောက်လေ့ကျိသည် မြန်မာနိုင်ငံ ပြည်ထောင်စု လွှတ်တော် ဥက္ကဋ္ဌနှင့် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ အဖြစ် ရွေးချယ်တင်မြှောက်ခံရသော ဦးအောင်လင်းဒွေးနှင့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ အဖြစ် ရွေးချယ်တင်မြှောက်ခံရသော ဦးခင်ရီ တို့ထံသို့ ဂုဏ်ပြုကြောင်း သဝဏ်လွှာကို ပေးပို့ခဲ့ပါသည်။
ယင်းသဝဏ်လွှာတွင် တရုတ်နှင့် မြန်မာ နှစ်နိုင်ငံတို့သည် တောတောင်ရေမြေချင်း ဆက်စပ်နေပြီး ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေး နက်ရှိုင်းပါကြောင်း၊ ၂၀၂၅ ခုနှစ်တွင် သမ္မတ ရှီကျင့်ဖိန်သည် မြန်မာနိုင်ငံ ယာယီ သမ္မတ ဦးမင်းအောင်လှိုင်နှင့် နှစ်ကြိမ် တွေ့ဆုံခဲ့ပြီး တရုတ်-မြန်မာ ကံကြမ္မာတူ အသိုက်အဝန်း တည်ဆောက်မှု တွန်းအားပေးရေးနှင့် ပတ်သက်ပြီး အရေးကြီးသည့် သဘောတူညီမှုကို ရရှိခဲ့ကြောင်း၊ မိမိတို့သည် နှစ်နိုင်ငံ ခေါင်းဆောင်များ၏ အရေးကြီးသည့် သဘောတူညီမှုများကို ထိရောက်စွာ အကောင်အထည် ဖော်ဆောင်ရန်၊ တရုတ်-မြန်မာ ဥပဒေပြုရေးဌာနများ အကြား ကူးလူးဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ဆက်တိုက် နက်ရှိုင်းလာစေရန်နှင့် တရုတ်-မြန်မာ ကံကြမ္မာတူ အသိုက်အဝန်း တည်ဆောက်မှုကို အဆက်မပြတ် နက်ရိင်းလာစေဖို့ တွန်းအားပေးရန် အဆွေတော်များနှင့် လက်တွဲ ကြိုးပမ်းဆောင်ရွက် လိုကြောင်း ဖော်ပြထားပါသည်။