ဝမ်ယိသည် ဗီယက်နမ် နိုင်ငံခြားရေးဝန်ကြီး လီဟွိုင်ထရွန် နှင့် တွေ့ဆုံ

CGTN,    March 20, 2026
Size:

မတ်လ ၁၅ ရက်နေ့က တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့ ကော်မတီဝင် ၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် ဗီယက်နမ်  ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့ ကော်မတီဝင်၊ နိုင်ငံခြားရေးဝန်ကြီး လီဟွိုင်ထရွန် နှင့် ဟနွိုင်းမြို့၌ တွေ့ဆုံခဲ့သည်။

ထိုသို့ တွေ့ဆုံရာတွင် ဝမ်ယိက နှစ်နိုင်ငံတို့သည် မဟာဗျူဟာမြောက် အပြန်အလှန် ယုံကြည်မှုကို နက်ရှိုင်းစေရန်၊ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းစေရန်၊ အပြောင်းအလဲများကြားတွင် ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရန်၊ အကျပ်အတည်းများကြားတွင် လုံခြုံရေးကို ကာကွယ်ပေးရန်၊ မိမိနိုင်ငံ၏ အမျိုးသား မဟာဗျူဟာမြောက် ခံနိုင်ရည်နှင့် ဖွံ့ဖြိုးတိုးတက်မှု တွန်းအားကို အားကောင်းစေရန်၊ တရုတ်-ဗီယက်နမ် ပူးပေါင်းဆောင်ရွက်မှု၏ တည်ငြိမ်မှုကို အသုံးပြု၍ ပြင်ပ မရေမရာ ဖြစ်မှုများကို ရင်ဆိုင်ဖြေရှင်းရန်၊ နှစ်နိုင်ငံပြည်သူများ၏ သုခချမ်းသာများကို တိုးတက်စေရန်၊ ဆိုရှယ်လစ်လုပ်ငန်း ကာကွယ်ရေးနှင့် လူသားချင်း ကံကြမ္မာ အသိုက်အဝန်း တည်ဆောက်ရေးတို့အတွက် ရေရှည် တွန်းအားထည့်သွင်းရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားသည်။

လီဟွိုင်ထရွန်က ဗီယက်နမ်နိုင်ငံသည် တရုတ်ပြည် တစ်ပြည်တည်းသာရှိရေးမူဝါဒကို ခိုင်မာစွာ ကျင့်သုံးပြီး ရှင်းကျန်းနှင့် ရှီးဇန့်ဒေသဆိုင်ရာ ကိစ္စရပ်များတွင် တရုတ်နိုင်ငံ၏ ရပ်တည်ချက်ကို အစဉ်တစိုက် ထောက်ခံကြောင်း၊ ဗီယက်နမ်နိုင်ငံသည် တရုတ်နိုင်ငံနှင့်အတူ အဆင့်မြင့် ကူးလူးဖလှယ်မှု နောက်ဆက်တွဲ အစီအစဉ်များကို ချမှတ်ရန်၊ ပါတီများအကြား ကူးလူးဖလှယ်မှုများကို အားကောင်းစေရန်နှင့် ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ အစိမ်းရောင် ဖွံ့ဖြိုးတိုးတက်မှုနှင့် ဆက်သွယ်မှု စသည့် နယ်ပယ်များတွင် လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုကို တွန်းအားပေးရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။