၁၀ ကြိမ်မြောက် တရုတ်-ဗီယက်နမ် နယ်စပ် ကာကွယ်ရေး ချစ်ကြည်ရေး ကူးလူးဖလှယ်မှုကို ကျင်းပမည်

CGTN,    March 16, 2026
Size:

မတ်လ ဒုတိယ ၁၀ ရက်ပိုင်းတွင် ၁၀ ကြိမ်မြောက် တရုတ်-ဗီယက်နမ် နယ်စပ် ကာကွယ်ရေး ချစ်ကြည်ရေး ကူးလူးဖလှယ်မှုကို တရုတ် ကွမ်ရှီး ကျွမ့်လူမျိုးကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ၊ ဗီယက်နမ် Quảng Ninh ပြည်နယ် သက်ဆိုင်ရာဒေသများ၊ ဆိပ်ကမ်းနှင့် မြောက်ပင်လယ်ကွေ့၌ ကျင်းပမည်ဖြစ်သည်။ အဆိုပါ လှုပ်ရှားမှု အတောအတွင်း နှစ်ဖက်တို့သည် ရေတပ် စစ်သင်္ဘောများ ပူးတွဲ ကင်းလှည့်မှုနှင့် လေ့ကျင့်မှုများ၊ နယ်စပ်ဒေသ အခမဲ့ ဆေးကုသမှုများ၊ နယ်စပ်ဒေသ စစ်ဘက်နှင့် အရပ်သားများ ယဉ်ကျေးမှုနှင့် အားကစား လှုပ်ရှားမှုများ၊ တရုတ်နှင့် ဗီယက်နမ် ပြည်သူ့တော်လှန်ရေး အာဇာနည်များ အထိမ်းအမှတ် ကျောက်တိုင်တွင် လွမ်းသူ့ပန်းခွေချမှု စသည့် လှုပ်ရှားမှုများကို စီစဉ်ကျင်းပမည်ဖြစ်သည်။ ယင်း ကူးလူးဖလှယ်မှုသည် နှစ်နိုင်ငံနှင့် နှစ်နိုင်ငံ စစ်တပ်များအကြား ရိုးရာချစ်ကြည်ရေးကို ပိုမိုမြှင့်တင်ပေးမည်ဖြစ်ပြီး နှစ်နိုင်ငံ စစ်တပ်မှ အဆင့်ဆင့်သော ဝန်ထမ်းများအကြား အပြန်အလှန်ယုံကြည်မှုနှင့် ကူးလူးဖလှယ်မှုများကို ရင်းနှီးစေမည်ဖြစ်ကာ လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုများကို နက်ရှိုင်းစေမည်ဖြစ်သဖြင့် နယ်စပ်ဒေသ လုံခြုံရေးနှင့် သက်ဆိုင်ရာ ရေပြင်များ၏ လုံခြုံမှုကို ပူးတွဲ ကာကွယ်စောင့်ရှောက်ရန် စွမ်းရည်များကို မြှင့်တင်ပေးမည်ဖြစ်ကြောင်း သတင်းအရ သိရပါသည်။