တရုတ်-ကမ္ဘောဒီးယား အစိုးရ-ပုဂ္ဂလိကကဏ္ဍ ဆွေးနွေးပွဲကျင်းပရေးစနစ် ပထမဆုံး အကြိမ် အစည်း အဝေးကို ဖနွမ်းပင်မြို့တွင် ကျင်းပ

CGTN,    February 26, 2026
Size:

တရုတ်-ကမ္ဘောဒီးယား အစိုးရ-ပုဂ္ဂလိကကဏ္ဍ ဆွေးနွေးပွဲကျင်းပရေးစနစ် ပထမဆုံး အကြိမ် အစည်းအဝေးကို ဖေဖော်ဝါရီလ ၉ ရက်နေ့က ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင် မြို့တော် တွင် ကျင်းပခဲ့ပါသည်။ ကမ္ဘောဒီးယားနိုင်ငံဒုတိယဝန်ကြီးချုပ် Sun Chanthol အပါအဝင် တရုတ်-ကမ္ဘောဒီးယားနှစ်နိုင်ငံမှ အစိုးရအရာရှိများ၊ လုပ်ငန်းကိုယ်စားလှယ်များ  အစည်းအဝေးသို့ တက်ရောက်ခဲ့ကြပါသည်။

ဒုတိယဝန်ကြီးချုပ် Sun Chanthol က နှစ်ဦးနှစ်ဖက်တို့အား ဆွေးနွေးပွဲကျင်းပရေး စနစ်မှ တစ်ဆင့် ကမ္ဘောဒီးယားနိုင်ငံရှိ တရုတ်လုပ်ငန်းကုမ္ပဏီများ၏ တောင်းဆိုချက်များကို တက်တက်ကြွကြွ တုံ့ပြန်ပြီး ကမ္ဘောဒီးယားနိုင်ငံတွင် တရုတ်လုပ်ငန်းကုမ္ပဏီများ၏ ရင်းနှီး မြှုပ်နှံမှု တိုးချဲ့ဆောင်ရွက်ရန်အတွက် ကောင်းမွန်သော ပတ်ဝန်းကျင်ကို ဖန်တီးပေးရန် မျှော်လင့်ကြောင်း ပြောကြားခဲ့ပါငည်။

ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ဝမ်ဝင်ပင် က ယခုအကြိမ် အစည်း အဝေး သည် တရုတ်-ကမ္ဘောဒီးယား အစိုးရ-ပုဂ္ဂလိကကဏ္ဍ ဆွေးနွေးပွဲကျင်းပရေးစနစ် အောင်မြင် စွာ လည်ပတ်ရန်အတွက် အစကောင်း ဖွင့်ပေးခဲ့ကြောင်း ပြောကြားခဲ့ပါသည်။

အစည်းအဝေးတွင် တရုတ်-ကမ္ဘောဒီးယားနှစ်ဦးနှစ်ဖက်တို့သည် ကမ္ဘောဒီးယားနိုင်ငံရှိ တရုတ် လုပ်ငန်းကုမ္ပဏီများမှ ရင်ဆိုင်နေရသည့် အခွန်၊ အကောက်ခွန်ရှင်းလင်းရေးနှင့် အလုပ်သမား စသည့် ပြဿနာများကို ကိုင်တွယ်ဖြေရှင်းရန်နှင့် ပတ်သက်ပြီး ပွင့်လင်း မြင် သာစွာ အမြင်ချင်းဖလှယ်ခဲ့ကြပါသည်။