ရှီကျင့်ဖိန်သည် ဗီယက်နမ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၏ အထူးသံတမန် Le Hoai Trung နှင့် တွေ့ဆုံ

CGTN,    February 10, 2026
Size:

   ဖေဖော်ဝါရီလ ၄ ရက်နေ့ ညနေပိုင်းက တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဗီယက်နမ် ကွန်မြူနစ်ပါတီ ဗဟို ကော်မတီ အထွေထွေ အတွင်းရေးမှူး Tô Lâm ၏ အထူးသံတမန် အဖြစ် တရုတ်နိုင်ငံသို့ ခရီး လှည့်လည်လာသော ဗီယက်နမ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေး ဦးဆောင်အဖွဲ့ ကော်မတီဝင်၊ နိုင်ငံခြားရေး ဝန်ကြီး Le Hoai Trung နှင့် ပေကျင်းမြို့ရှိ ပြည်သူ့ ခန်းမဆောင်ကြီး၌  တွေ့ဆုံခဲ့ပါသည်။

   ထိုသို့တွေ့ဆုံရာတွင် ရှီကျင့်ဖိန်က တရုတ်နှင့် ဗီယက်နမ် နှစ်နိုင်ငံတို့သည် ဆိုရှယ်လစ် တည်ဆောက်မှု လုပ်ငန်း အရပ်ရပ် ရှင်သန်စွာ ဖွံ့ဖြိုးတိုးတက်မှုကို တွန်းအားပေးပြီး ဆိုရှယ်လစ်စနစ်၏ ရှင်သန်စွမ်းအားကို ကမ္ဘာကြီးအား ပြသနေကြောင်း၊ တရုတ်နိုင်ငံသည် အရင်ကလိုပင် နှစ်နိုင်ငံ ဆက်ဆံမှု တိုးတက်ရေးကို လွန်စွာ တန်ဖိုးထားမည် ဖြစ်ပြီး ဗီယက်နမ်နှင့် အတူ အဆင့်မြင့် ခေါင်းဆောင်များ၏ သဘောတူညီချက်များကို ကောင်းမွန်စွာ အကောင်အထည် ဖော်ဆောင်ကာ ချစ်ကြည်ရေး အစဉ်အလာ စဉ်ဆက်မပြတ် ထွန်းကား လာအောင် ဆောင်ရွက်မည် ဖြစ်၍ အဆင့်ဆင့်သော ကူးလူးဆက်ဆံမှုနှင့် နယ်ပယ် အသီးသီးမှ ပူးပေါင်း ဆောင်ရွက်မှုများကို ပိုမို နက်ရှိုင်းလာအောင် ဆောင်ရွက်ပြီး တရုတ်-ဗီယက်နမ် ကံကြမ္မာတူ အသိုက်အဝန်း ရှေ့သို့ ချီတက်သွားရန် တွန်းအားပေးလိုပါကြောင်း ပြောကြား ခဲ့ပါသည်။

   Le Hoai Trung ကလည်း ဗီယက်နမ်နိုင်ငံသည် တရုတ်နိုင်ငံနှင့် ဆက်ဆံမှု ခိုင်ခံ့စေရေးနှင့် တိုးတက်ရေးကို နိုင်ငံခြားရေး မူဝါဒ၏ ဦးစားပေးနေရာတွင် အစဉ်တစိုက် ထားရှိနေကြောင်း၊ ဖွံ့ဖြိုး တိုးတက်ရေး ခရီးစဉ်သစ်တွင် တရုတ်နိုင်ငံနှင့် လက်တွဲ ချီတက်လိုပါကြောင်း၊ နှစ်ပါတီနှင့် နှစ်နိုင်ငံ ခေါင်းဆောင်တို့ ရရှိထားသော အရေးကြီးသည့် သဘောတူညီချက်များကို လမ်းညွှန်ချက် အဖြစ်ထားပြီး နှစ်နိုင်ငံ ဆက်ဆံမှုကို အဆင့်သစ်သို့ တက်လှမ်းရန် တွန်းအား ပေး၍ နှစ်နိုင်ငံ ပြည်သူများအတွက် ပိုမို အကျိုးပြုဆောင်ရွက်ပေးလိုပါကြောင်း ပြောကြားခဲ့ပါသည်။