ထိုင်းအမျိုးသားနေ့အတွက် ထိုင်းဘုရင်ထံ ရှီကျင့်ဖိန် ဂုဏ်ပြုကြောင်း သဝဏ်လွှာ ပေးပို့

CRI,    December 05, 2021
Size:

ယခုလ ၅ ရက်နေ့က တရုတ် နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ထိုင်းအမျိုးသားနေ့အတွက် ထိုင်းဘုရင် Maha Vajiralongkorn ထံသို့ ဂုဏ်ပြုကြောင်း သဝဏ်လွှာ ပေးပို့ကြောင်း China Media Group မှ သတင်းအရ သိရသည်။

၎င်းသဝဏ်လွှာတွင် ရှီကျင့်ဖိန်က တရုတ်နှင့်ထိုင်းသည် ဆွေးမျိုးကောင်း၊ မိတ်ဆွေကောင်းနှင့် အိမ်နီးချင်းကောင်း ဖြစ်ကြကြောင်း၊ မကြာခင် နှစ်များတွင် နှစ်နိုင်ငံဆက်ဆံမှု ချောမောစွာ ဖွံ့ဖြိုးတိုးတက်ပြီး Belt and Road အတူတည်ဆောက်ရေး၌ အောင်ကျိုးရလဒ် များစွာရရှိခဲ့ကြောင်း၊ နှစ်နိုင်ငံတို့သည် ကိုဗစ် ၁၉ ကပ်ရောဂါကို လက်တွဲရင်ဆိုင်ပြီး စီးပွားရေး နာလန်ပြန်ထူခြင်းကို အတူ တိုးမြှင့်ကာ ကောင်းမွန်သော အကျိုးသက်ရောက်မှု ရရှိခဲ့ကြောင်း၊ မိမိသည် တရုတ်-ထိုင်း ဆက်ဆံမှု ဖွံ့ဖြိုးတိုးတက်ရေးအပေါ် လွန်စွာအလေးထားကြောင်း၊ ဘုရင် Maha Vajiralongkornနှင့် အတူ ကြိုးပမ်းဆောင်ရွက်ပြီး နှစ်ဖက်အကြား မဟာဗျူဟာ အပြန်အလှန် ယုံကြည်မှု နက်ရှိုင်းစေကာ ချစ်ကြည်ရေး အစဉ်အလာကို ခိုင်မာစေ၍ နှစ်ဖက်ဆက်ဆံမှုကို ပိုမိုမြင့်မားသည့် အဆင့်သို့ တိုးမြှင့်ရန် အတူ ဦးဆောင်ပြီး နှစ်နိုင်ငံ ပြည်သူများအတွက် ပိုမိုများပြားသည့် ချမ်းသာသုခကို ဆောင်ကြဉ်းလာကာ ဒေသတွင်းနှင့် ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကျိုးပြု စွမ်းဆောင်မှုသစ်ကို ပြုလုပ်လိုကြောင်း ဖော်ပြသည်။