“တရုတ်-ကမ္ဘောဒီးယား လွတ်လပ်သော ကုန်သွယ်ရေး သဘောတူစာချုပ်” စတင် လက်တွေ့ ဖော်ဆောင်

CRI,    January 02, 2022
Size:

“တရုတ်-ကမ္ဘောဒီးယား လွတ်လပ်သော ကုန်သွယ်ရေး သဘောတူစာချုပ်”ကို ဇန်နဝါရီလ ၁ ရက်နေ့က စတင်လက်တွေ့ဖော်ဆောင်ခဲ့ကြောင်း၊ ၎င်းစာချုပ်သည် ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ ၁၂ ရက်နေ့က ချုပ်ဆိုခြင်း ဖြစ်ပြီး တရုတ်ပြည်နှင့် ဖွံ့ဖြိုးမှု နောက်ကျသောနိုင်ငံအကြား ချုပ်ဆိုသော ပထမဆုံး လွတ်လပ်သော ကုန်သွယ်ရေး သဘောတူစာချုပ် ဖြစ်ကြောင်း China Media Group မှ သတင်းအရ သိရသည်။

၂၀၂၁ ခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလအထိ တရုတ်-ကမ္ဘောဒီးယား နှစ်ဖက် ကုန်သွယ်မှု ပမာဏမှာ ကန်ဒေါ်လာ ၁၀့၉၈ ဘီလီယံရှိပြီး ၂၀၂၀ ပြည့်နှစ် အလားတူ အချိန်ပိုင်းကထက် ၄၅့၉ ရာခိုင်နှုန်း တိုးလာကာ ၂၀၂၃ ခုနှစ်တွင် နှစ်ဖက် ကုန်သွယ်မှု ပမာဏ ကန်ဒေါ်လာ ၁၀ ဘီလီယံ ရရှိရန် နှစ်နိုင်ငံ ခေါင်းဆောင်တို့ သတ်မှတ်ထားသော ရည်မှန်းချက်ကို လျာထားသည်ထက် ပိုစော၍ အကောင်အထည် ဖော်ဆောင်နိုင်ခဲ့ကြောင်း သက်ဆိုင်ရာ စာရင်းအရ သိရသည်။