မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးသံတမန်အသစ်သည် မြန်မာနိုင်ငံသို့ အလည်အပတ် သွားရောက်မည့်အချိန် အတည်ပြု

CRI,    March 04, 2022
Size:

ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးဌာန၏ မတ်လ ၂ရက်နေ့ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးသံတမန်အသစ်၊ ကမ္ဘောဒီးယား ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီး ပရက်ခ်ဆိုခွန်သည် မတ်လ ၂၀ရက်နေ့မှ ၂၃ ရက်နေ့အထိ မြန်မာနိုင်ငံသို့ အလည်အပတ်သွားရောက်ရန် စီစဉ်ထားကြောင်း သိရပါသည်။

မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးသံတမန်အား လက်နက်ကိုင်အဖွဲ့များ အပါအဝင် မြန်မာနိုင်ငံ သက်ဆိုင်ရာဘက်များနှင့် တွေ့ဆုံခွင့် ပြုမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနက ဇန်နဝါရီလ ၂၉ ရက်နေ့က အတည်ပြုခဲ့သည်။