တရုတ်-လာအို 500 kV ဓာတ်အား ကွန်ရက် ချိတ်ဆက်မှု လုပ်ငန်းစဉ် စတင် တည်ဆောက်

CGTN,    March 05, 2025
Size:

ယခုလ ၂၆ရက်နေ့က တရုတ်-လာအို  500 kV ဓာတ်အား ကွန်ရက် ချိတ်ဆက်မှု လုပ်ငန်းစဉ်ကို တရားဝင် စတင် တည်ဆောက်ခဲ့ကြောင်း၊ ၄င်းလုပ်ငန်းစဉ်ကို တည်ဆောက် ပြီးလျှင် နှစ်စဉ် သန့်စင်သော လျှပ်စစ်ဓာတ်အား ကီလိုဝပ် နာရီ (Kwh) ၃ဘီလီယံကို ပို့ပေးနိုင်မည် ဖြစ်ကြောင်း သတင်းအရ သိရသည်။

၄င်းလုပ်ငန်းစဉ်၏ လျှပ်စစ်ဓာတ်အား ပေးပို့ပေးရေးလိုင်းများ၏ စုစုပေါင်း အရှည်မှာ ၁၈၃.၅ ကီလိုမီတာ ရှိပြီး လာအို နိုင်ငံ Oudomxayပြည်နယ်မှ တရုတ် နိုင်ငံ ယူနန်ပြည်နယ် အထိ ဖြတ်သန်းမည် ဖြစ်ကြောင်း သိရသည်။