လန်ချန်း-မဲခေါင် ထုတ်လုပ်မှုကွင်းဆက် (Supply Chain) အခွင့်အ‌ရေးသစ်ကို ဧည့်သည်များ ၇၈၀ ကျော် ပါဝင်ဆွေးနွေး

lmcchina.org, January 29, 2026
Size:

၂၀၂၆ ခုနှစ် လန်မဲ ထုတ်လုပ်မှု ကွင်းဆက် (Supply Chain) ပြပွဲနှင့် “ရပ်ဝန်းတစ်ခုနှင့် လမ်းကြောင်းတစ်သွယ်” လန်မဲစီးပွားရေးပူးပေါင်းဆောင်ရွက်မှု (ယူနန်) ဖိုရမ်ကို ဇန်နဝါရီလ ၁၆ ရက်နေ့တွင် ယူနန်ပြည်နယ် ကူမင်းမြို့တွင် စတင်ကျင်းပ၍ ၎င်းဖိုရမ်သည် “ပြပွဲ+ဖိုရမ်” ပုံစံဖြင့် ကုန်ပစ္စည်း ပြသခြင်း၊ လုပ်ငန်း ချိတ်ဆက်ခြင်း၊ မူဝါဒ ဆွေးနွေးခြင်း၊ ငွေရေးကြေးရေး ထောက်ပံ့ခြင်း၊ နည်းပညာ မျှဝေခြင်းတို့ ပေါင်းစပ်သောပလက်ဖောင်းတစ်ခု ထူထောင်လာသည်။

အထက်ပါပွဲသို့ လန်မဲနိုင်ငံများမှ ကိုယ်စားလှယ်များ၊ အစိုးရဌာနမှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာလုပ်ငန်းမှ ပညာရှင်များနှင့် ကွင်းဆက်လုပ်ငန်းများမှ ကိုယ်စားလှယ်များအပါအဝင် ဧည့်သည်များ ၇၈၀ ကျော် ပါဝင်တက်ရောက်ပြီး “မူဝါဒ ညီမျှခြင်း၊ လုပ်ငန်းများ ပူးတွဲခြင်း၊ ငွေရေးကြေးရေး ထောက်ပံ့ခြင်း” ဟူသောခေါင်းစဉ်သုံးခုနှင့်ပတ်သက်ပြီး နက်နက်ရှိုင်းရှိုင်း ဆွေးနွေးဖလှယ်ခဲ့ကြပါသည်။

တစ်ခါတည်းတွင် ကျင်းပသော ၃ ရက်ကြာ ”၂၀၂၆ ခုနှစ် လန်မဲ ထုတ်လုပ်မှု ကွင်းဆက်ပြပွဲ”သည် အခမဲ့ဖွင့်၍ ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုလုပ်ငန်းများကို အဓိကပြသ၍ စီးပွားရေးလုပ်ငန်းများအတွက် လက်တွေ့ကျပြီး တွယ်ကျယ်မှုရှိသောချိတ်ဆက်မှုပလက်ဖောင်းတစ်ခုကို ထူထောင်ပေးပါသည်။