တရုတ်နိုင်ငံသည် ၂၀၂၅ ခုနှစ်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ယွမ် ၇၄၇.၆၉ ဘီလီယံကို ဆွဲဆောင်ခဲ့

CGTN, January 29, 2026
Size:

၂၀၂၅ ခုနှစ်တွင် တရုတ်နိုင်ငံတစ်ဝှမ်းတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအသစ် ၇၀၃၉၂ခုကို တည်ထောင်ခဲ့ပြီး ၂၀၂၄ခုနှစ်ကထက် ၁၉.၁ရာခိုင်နှုန်း တိုးလာခဲ့ကြောင်း၊ အမှန်တကယ်အသုံးပြုသော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုမှာ ယွမ် ၇၄၇.၆၉ ဘီလီယံရှိပြီး  ၂၀၂၄ခုနှစ်ကထက် ၉.၅ရာခိုင်နှုန်း  ကျဆင်းခဲ့ကြောင်း သိရပါသည်။

ဒေသအရကြည့်လျှင် ဆွစ်ဇာလန်၊ ယူအေအီးနှင့်ဗြိန်တိန်တို့မှ အမှန်တကယ်ရင်းနှီးမြှုပ်နှံမှုမှာ ၆၆.၈ရာခိုင်နှုန်း၊ ၂၇.၃ရာခိုင်နှုန်း နှင့် ၁၅.၉ရာခိုင်နှုန်း အသီးသီး တိုးလာခဲ့ကြောင်း(လွတ်လပ်သောဆိပ်ကမ်းများမှတစ်ဆင့် ရင်းနှီးမြှုပ်နှံမှုဒေတာများအပါအဝင်) သိရပါသည်။