
ဇန်နဝါရီလ ၂၀ ရက်နေ့က တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေး ဦးဆောင် အဖွဲ့ ကော်မတီဝင်၊ နိုင်ငံတော်ကောင်စီ ဒုတိယ ဝန်ကြီးချုပ် ဟိုလိဖုန်းသည် ဆွစ်ဇာလန်နိုင်ငံ ဒါးဗို့စ်မြို့တွင် ကျင်းပသည့် ကမ္ဘာ့စီးပွားရေးဖိုရမ် ၂၀၂၆ ခုနှစ် နှစ်ပတ်လည်အစည်းအဝေးသို့ တက်ရောက် မိန့်ခွန်းပြောကြားခဲ့သည်။
ဖိုရမ်၌ မိန့်ခွန်းပြောကြားရာတွင် ဟိုလိဖုန်း က အမြင် လေးချက်ကို တင်ပြခဲ့သည်။ ပထမ အချက် အနေဖြင့် လွတ်လပ်သောကုန်သွယ်မှုကို ပြတ်သားစွာထောက်ခံပြီး အားလုံး ပါဝင်ကာ အကျိုးရရှိနိုင်သော ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး ပေါင်းစပ်မှုကို မြှင့်တင်ရန် အတူတကွ လုပ်ဆောင်သင့်သည်။ ဒုတိယအချက်အနေဖြင့် ဘက်ပေါင်းစုံဝါဒကို ပြတ်သားစွာ ထိန်းသိမ်းပြီး ပိုမိုတရားမျှတပြီး ကျိုးကြောင်းဆီလျော်သော နိုင်ငံတကာစီးပွားကုန်သွယ်ရေး အစီအစဉ်ကို မြှင့်တင်သင့်သည်။ တတိယ အချက်အနေဖြင့် ပူးပေါင်းဆောင်ရွက်ရေးနှင့် အပြန်အလှန် အကျိုးရှိစေရေးကို စွဲကိုင်ထားပြီး ဖွံ့ဖြိုးတိုးတက်ရေးပြဿနာများကို ဖြေရှင်း ရန် လက်တွဲ လုပ်ဆောင်သင့်သည်။ စတုတ္ထ အချက်အနေဖြင့် အပြန်အလှန်လေးစားမှုနှင့် တန်းတူညီမျှစွာ တိုင်ပင်ဆွေးနွေးမှုကို စွဲကိုင်ထားပြီး စေ့စပ်ဆွေးနွေးရေးနည်းလမ်းဖြင့် သဘောကွဲလွဲမှုများကို သင့်လျှော်စွာ စီမံခန့်ခွဲပြီး ပြဿနာများကို ဖြေရှင်းသင့်ကြောင်း စသည်တို့ ဖြစ်သည်။