ပေကျင်း စံတော်ချိန် ယခုလ ၂၁ရက်နေ့ နံနက် အစောပိုင်းတွင် အသက် ၂၃နှစ် အောက် အမျိုးသား ဘောလုံး အာရှ ဖလားပြိုင်ပွဲ၏ စီမီး ဖိုင်နယ်ပြိုင်ပွဲတွင် တရုတ် အသင်းက ဗီယက်နမ် အသင်းကို ၃ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိကာ ဘောလုံးသမိုင်းမှာ ပထမဆုံး အကြိမ် အဖြစ် နောက်ဆုံး ဗိုလ်လုပွဲသို့ တက်ရောက်ခဲ့ကြောင်း သတင်းအရ သိရသည်။
ဇန်နဝါရီလ ၂၄ရက်နေ့တွင် တရုတ် အသင်းနှင့် ဂျပန် အသင်းတို့သည် ယခုအကြိမ် အသက် ၂၃နှစ် အောက် အမျိုးသား ဘောလုံး အာရှ ဖလားပြိုင်ပွဲ၏ ချန်ပီယံဆုကို ရရှိရန် အတွက် နောက်ဆုံး ဗိုလ်လုပွဲတွင် ယှဉ်ပြိုင်ကြရမည် ဖြစ်ပါသည်။
