တရုတ်-ကမ္ဘောဒီးယား နယ်စပ်ဖြတ်ကျော် အွန်လိုင်း လိမ်လည်မှုများ ပူးပေါင်းတိုက်ဖျက်ရေးတွင် သိသာထင်ရှားသော အောင်မြင်မှုများ ရရှိကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဆို

CGTN, January 27, 2026
Size:

ဇန်နဝါရီလ ၁၉ ရက်နေ့တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ကိုကျာခွင်က ပုံမှန်သတင်းစာရှင်းလင်းပွဲကို ကျင်းပရာတွင် သတင်းထောက်တစ်ဦး၏ ကမ္ဘောဒီးယားနိုင်ငံ အခြေအနေဆိုင်ရာ မေးမြန်းချက်ကို ဖြေကြားခဲ့ပါသည်။ ကိုကျာခွင်က တရုတ် နိုင်ငံအစိုးရသည် ပင်လယ်ရပ်ခြားရောက် တရုတ်နိုင်ငံသားများ၏ ဘေးကင်း လုံခြုံ ရေးကို အလေးထားကြောင်း၊ အချိန်ပိုင်းတစ်ပိုင်းအတွင်း တရုတ်နိုင်ငံသည် ကမ္ဘောဒီးယား နိုင်ငံနှင့် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်ပြီး နယ်စပ်ဖြတ်ကျော်  အွန်လိုင်း လိမ်လည်မှုများကို တိုက်ဖျက်ခဲ့ရာ သိသာထင်ရှားသော အောင်မြင်မှုများ ရရှိ ခဲ့ကြောင်း၊ ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ တရုတ်သံရုံးသည် ကမ္ဘောဒီးယား နိုင်ငံနှင့် ဆက်သွယ် ညှိနှိုင်းမှုများ ဆက်တိုက် ဆောင်ရွက်ပြီး သက်ဆိုင်ရာလုပ်ငန်းများကို လုပ်ဆောင် နေ ကြောင်း ပြောကြားခဲ့ပါသည်။