
မြန်မာနိုင်ငံ ရန်ကုန်မြို့ တွင် ကျင်းပသည့် The 3rd Myanmar Power & Solar Energy Storage Lighting Expo 2026 ပြပွဲ မြင်ကွင်းများအား ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၆ ရက်က တွေ့ရစဉ်(ဆင်ဟွာ)
မြန်မာနိုင်ငံ ရန်ကုန်မြို့တွင် ဇန်နဝါရီ ၁၆ ရက် စတင်ကျင်းပလျက်ရှိသည့် The 3rd Myanmar Power and Solar Energy Storage Lighting Expo 2026 ပြပွဲတွင် တရုတ်နိုင်ငံမှ ရာနှင့်ချီသော နေရောင်ခြည်စွမ်းအင်သုံး ထုတ်ကုန်များ ပါဝင်ပြသထားသည်။
သုံးရက်ကြာ ပြုလုပ်မည့် အဆိုပါ ပြပွဲကို Myanmar DPES Exhibition Co., Ltd မှ စီစဉ်ကျင်းပခြင်းဖြစ်ပြီး ပြခန်းပေါင်း ၇၀ ကျော် လာရောက်ပြသလျက်ရှိသည်။
ထိုသို့ ခင်းကျင်းပြသထားသော တရုတ်ထုတ်ကုန်များတွင် ဆိုလာပြားများ၊ အင်ဗာတာများ၊ ဘက်ထရီများနှင့် လျှပ်စစ်ကားများကို အားသွင်းပစ္စည်းများ ပါဝင်သည်။
အဆိုပါ ကုန်စည်ပြပွဲသည် ဒေသနှင့် ကိုက်ညီစွာ အသုံးပြုနိုင်မည့် စမတ်နည်းပညာများ ပေါင်းစပ်မှု၊ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုနှင့် နယ်ပယ်ကဏ္ဍအလိုက် ဆန်းသစ်တီထွင်မှုတို့ကို အဓိကထား လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး စီးပွားရေးလုပ်ငန်းများအနေဖြင့် မူဝါဒလမ်းညွန်ချက်များကို ပိုမိုနားလည်သဘောပေါက်စေရေးနှင့် စျေးကွက်အခွင့်အလမ်းများကို ဖော်ဆောင်နိုင်စေရေးအတွက် အထောက်အကူပြုနိုင်ရန် ရည်ရွယ်ထားကြောင်း ပွဲစီစဉ်သူက ပြောကြားခဲ့သည်။
အဆိုပါပွဲသည် နည်းပညာဆိုင်ရာပြသမှုများအတွက် ပလပ်ဖောင်းတစ်ခုအဖြစ်သာမက စက်မှုလုပ်ငန်းအသွင်ကူးပြောင်းမှုကို မောင်းနှင်ရန်နှင့် ပူးပေါင်းဆောင်ရွက်မှုအတွက် အခွင့်အလမ်းများကို ချိတ်ဆက်ရန်အတွက် ပေါင်းကူးတံတားတစ်ခုဖြစ်ကြောင်း ပွဲစီစဉ်သူ၏ ပြောကြားချက်အရ သိရသည်။
Myanmar DPES Exhibition Co., Ltd ၏ အထွေထွေမန်နေဂျာ Wang Zhangcheng က အဆိုပါ ပြပွဲသည် တရုတ်ကုမ္ပဏီများကို ဆွဲဆောင်ခြင်း၊ တရုတ်-မြန်မာ ဆက်ဆံရေး ခိုင်မာစေခြင်းနှင့် အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှု ပေါင်းစည်းရေး အခွင့်အလမ်းများ ဖန်တီးပေးခြင်းအားဖြင့် မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုကို ကိုင်တွယ်ဖြေရှင်းရန် ရည်ရွယ်ထားကြောင်း ပြောကြားခဲ့သည်။
အဆိုပါ ပြပွဲသည် စတုရန်းမီတာ ၉၀,၀၀ နီးပါး ကျယ်ဝန်းပြီး အမှတ်တံဆိပ် ၇၇ ခုကို ပါဝင်ပြသလျက်ရှိသည်။ တရုတ် ကုမ္ပဏီများအပြင် Livoltek ၊ Growatt ၊ Skyworth ၊ Absen ၊ GoodWe ၊ Sigenergy စသည့် တရုတ်ကုမ္ပဏီများနှင့် အခြားကုမ္ပဏီများက ၎င်းတို့၏ထုတ်ကုန်များကို ပြပွဲတွင် ပြသထားကြောင်း သိရသည်။
အဆိုပါ ပြပွဲကို ဇန်နဝါရီ ၁၈ ရက်အထိ ကျင်းပမည်ဖြစ်သည်။

မြန်မာနိုင်ငံ ရန်ကုန်မြို့ တွင် ကျင်းပသည့် The 3rd Myanmar Power & Solar Energy Storage Lighting Expo 2026 ပြပွဲ မြင်ကွင်းများအား ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၆ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

မြန်မာနိုင်ငံ ရန်ကုန်မြို့ တွင် ကျင်းပသည့် The 3rd Myanmar Power & Solar Energy Storage Lighting Expo 2026 ပြပွဲ မြင်ကွင်းများအား ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၆ ရက်က တွေ့ရစဉ်(ဆင်ဟွာ)