ရှီကျင့်ဖိန် ၏ အထူးကိုယ်စားလှယ်သည် လာအိုနိုင်ငံသို့ သွားရောက်လည်ပတ်

CGTN, January 20, 2026
Size:

ဇန်နဝါရီလ ၁၃ ရက်နေ့က တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး ရှီကျင့်ဖိန် ၏ အထူးကိုယ်စားလှယ်၊ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံခြားနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ကြီး Liu Haixing သည် လာအိုနိုင်ငံသို့ သွားရောက် လည်ပတ်ပြီး လာအိုပြည်သူ့တော်လှန်ရေးပါတီ၏ ၁၂ ကြိမ်မြောက် ပြည်လုံး ဆိုင်ရာ ကိုယ်စားလှယ်များ ညီလာခံ အောင်မြင်စွာ ကျင်းပခဲ့ခြင်းနှင့် Thongloun အား လာအိုပြည်သူ့ တော်လှန်ရေးပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးအဖြစ် အရွေး ခံရခြင်းအပေါ် ဂုဏ်ပြုထောမနာပြုခဲ့ပါသည်။

Liu Haixing သည် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး ရှီကျင့်ဖိန် ၏ ဂုဏ်ပြုကြောင်းသဝဏ်လွှာကို Thongloun အား လွှဲပြောင်းပေးအပ်သည့် အပြင် ရှီကျင့်ဖိန် ၏ နှုတ်ခွန်းဆက်စကားကို တစ်ဆင့်ပြောကြားပေးခဲ့ရာ တရုတ်နိုင်ငံအနေဖြင့် လာအို နိုင်ငံနှင့်အတူ နှစ်ပါတီနှင့် နှစ်နိုင်ငံ ထိပ်သီးခေါင်းဆောင်များမှ ရရှိခဲ့သည့် သဘော တူညီ မှုများကို အထောက်အပံ့များ အဖြစ် ထားပြီး တရုတ်-လာအိုကံကြမ္မာတူ အသိုက် အဝန်း တည် ဆောက် ရေးကို ရှေ့သို့ အဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရန် တွန်းအားပေးဖို့ ဆန္ဒရှိကြောင်း ပြောကြားခဲ့ပါသည်။

Thongloun သည် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး ရှီကျင့်ဖိန် အား ၄င်း၏ ကျေးဇူးတင်ရှိကြောင်းနှင့် နှုတ်ခွန်းဆက်သကြောင်းကို တစ်ဆင့် စကားပြောပေးခဲ့ရာ လာအိုပြည်သူ့တော်လှန်ရေးပါတီ အသစ်တစ်ကြိမ် ဗဟိုကော်မတီမှ ခေါင်းဆောင်များသည် တရုတ်နိုင်ငံနှင့် ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ရန် လွန်စွာ အလေးထား ပြီး တရုတ်နိုင်ငံနှင့်အတူ နှစ်ပါတီနှင့် နှစ်နိုင်ငံအကြား ဆက်ဆံရေး ပိုမိုမြင့်မားသော အဆင့် အတန်းသို့ ရောက်ရှိစေရန် အဆက်မပြတ် တွန်းအားပေးဖို့ ဆန္ဒရှိကြောင်း ပြောကြား ခဲ့ပါသည်။