ရှီကျင့်ဖိန်သည် အသစ်တာဝန်ထမ်းဆောင်သော တရုတ်နိုင်ငံဆိုင်ရာ နိုင်ငံခြား သံအမတ်ကြီးများ၏ ခန့်အပ်လွှာများကို လက်ခံ

CGTN, January 20, 2026
Size:

ဇန်နဝါရီလ ၁၆ရက်နေ့ မနက်ပိုင်းက တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည် ပေကျင်းပြည်သူ့ခန်းမဆောင်ကြီး၌ တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးဇော်ဝင်းမြင့် အပါအဝင် နိုင်ငံ ၁၈နိုင်ငံမှ သံအမတ်ကြီးများ၏ ခန့်အပ်လွှာများကို လက်ခံခဲ့ပြီး ၎င်းတို့နှင့် တစ်ဦးချင်းစီ မှတ်တမ်းဓာတ်ပုံရိုက်ခဲ့သည်။

ရှီကျင့်ဖိန်က သံတမန်များအား တရုတ်နိုင်ငံတွင် တာဝန်ထမ်းဆောင်ရန် ကြွရောက်လာသည်ကို ကြိုဆိုပြီး ၎င်းတို့အား မိမိတို့နိုင်ငံ၏ ခေါင်းဆောင်များနှင့် ပြည်သူများထံ ၎င်း၏ ကောင်းချီးများ ပြန်လည်ပေးပို့ပေးရန် တောင်းဆိုကာ သံတမန်များအနေဖြင့် တရုတ်နိုင်ငံ ဒေသအရပ်ရပ်သို့ သွားရောက်ပြီး စစ်မှန်သောတရုတ်နိုင်ငံကို ဘက်စုံ နက်ရှိုင်းစွာ နားလည်သဘောပေါက်လာစေရန်၊ တရုတ်နှင့် နိုင်ငံအသီးသီးအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေရန် တက်ကြွစွာ ပါဝင်ကူညီနိုင်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။