တရုတ်-အာဆီယံ လွတ်လပ်သော ကုန်သွယ်ရေးဇုန် တည်ထောင်ခဲ့သည့် ၁၆ နှစ် ပြည့်မြောက်ခြင်း၊ QR ကုဒ် အပြန်အလှန် ချိတ်ဆက်ခြင်းသည် စီးပွားကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုအတွက် စွမ်းဆောင်မှု စွမ်းအားသစ်ကို ဆောင်ကြဉ်းပေးလာ

CGTN, January 8, 2026
Size:

 ၂၀၂၆ ခုနှစ်သည် တရုတ်-အာဆီယံ လွတ်လပ်သော ကုန်သွယ်ရေးဇုန် တည်ထောင်ခဲ့သည့် ၁၆ နှစ် ပြည့်မြောက်သည့်နှစ် ဖြစ်ပါသည်။ တရုတ်နှင့် အာဆီယံ အကြား စီးပွားကုန်သွယ်ရေး ဆက်ဆံမှု အဆက်မပြတ် တိုးတက်လာသည်နှင့် အမျှ ပိုမို များပြားသော ဆန်းသစ် ပြောင်းလဲမှုများသည် နှစ်ဖက်မှ ပြည်သူလူထုများနှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုများအတွက် အဆင်ပြေ ချောမွေ့မှုများကို ဆောင်ကြဉ်း ပေးလာနေသည်။ ယင်းတို့အနက် ထင်ရှားသော ပြောင်းလဲမှုတစ်ရပ်သည် QR ကုဒ် အပြန်အလှန် ချိတ်ဆက်မှု ဖြစ်ပြီး QR ကုဒ် အပြန်အလှန် ချိတ်ဆက်မှုသည် ဒေသတွင်း စီးပွားကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု ပိုမို နက်ရှိုင်းလာရန် မြှင့်တင် ပေးလျက်ရှိပါသည်။