၂၀၂၅ ခုနှစ် ဒီဇင်ဘာလအထိ တရုတ်-လာအို ရထားလမ်းသည် လေးနှစ်ကြာ လည်ပတ် လျက်ရှိလာခဲ့သည်။ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်နေ့အထိ တရုတ်-လာအရထားလမ်း မှတစ်ဆင့် သယ်ယူပို့ဆောင်သော သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက် စုစုပေါင်း သွင်းကုန် ပို့ကုန်ပမာဏမှာ တန်ချိန် ၃၈၀,၀၀၀ အထိ ရှိပြီး ၂၀၂၄ခုနှစ် ကထက် ၄၅.၈ ရာခိုင်နှုန်း တိုးလာကာ ကုန်သွယ်မှုများ သိသိသာသာ မြှင့်တင်လာပြီး နယ်စပ်ဖြတ်ကျော် အအေး ကွင်းဆက် သယ်ယူပို့ဆောင်ရေး ဝယ်လိုအားကို ခိုင်မာစွာ ထိန်းထားလျက်ရှိသည်ဟု China Media Group မှ သတင်းအရသိရသည်။