ဝမ်ယိသည် ထိုင်း နိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက်နှင့် တွေ့ဆုံ

CGTN, January 7, 2026
Size:

၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့က တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေး ဦးဆောင် အဖွဲ့ ကော်မတီဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် ယူနန်ပြည်နယ် ယုရှီးမြို့၌ ထိုင်း နိုင်ငံခြားရေးဝန်ကြီး နိုရိုဒွန်-ဆီဟာဆက် နှင့် တွေ့ဆုံခဲ့ပါသည်။

ထိုသို့ တွေ့ဆုံရာတွင် ဝမ်ယိသည် သမ္မတ ရှီကျင့်ဖိန်၏ စိတ်ရင်းစေတနာကောင်းဖြင့် အမှာပါးသည့် နှုတ်ခွန်းဆက်   စကားများနှင့် နှစ်သစ်ကူး ဆုတောင်းစကားများကို ဘုရင် ဗာဂျီရာလောင်ကွန် ထံသို့ သတင်းစကား ပြောကြားပေး ရန် ဆီဟာဆက်အား တောင်းဆိုခဲ့သည်။ ဘုရင် ဗာဂျီရာ လောင်ကွန်သည် ၎င်း၏ ပထမဆုံးအကြိမ်  သမိုင်းဝင် တရားဝင် တရုတ်ခရီးစည်ကို အောင်မြင်စွာ ပြုလုပ် ခဲ့ပြီး သမ္မတ ရှီကျင့်ဖိန်သည် ဘုရင် ဗာဂျီရာလောင်ကွန်နှင့်အတူ တရုတ်-ထိုင်း ကံကြမ္မာ အသိုက် အဝန်း တည်းဆောက်ရေးကို တွန်းအားပေးကြရန် အရေးကြီးသော သဘောတူညီမှု ရရှိကာ နှစ် နိုင်ငံ ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှု ရှေ့အလားအလာအတွက် ဒီဇိုင်းဆွဲခဲ့ပါသည်။

ဝမ်ယိက တရုတ်နိုင်ငံသည် ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ဒေသရှိ တင်းမာမှု အခြေအနေအပေါ် အလွန် အာရုံစိုက်ပြီး ပဋိပက္ခကြောင့် အရပ်သားများ သေကျေဒဏ်ရာရရှိမှုနှင့် အိုးမဲ့အိမ်မဲ့ ဖြစ်လာ မှုများ အပေါ် အလွန်ဝမ်းနည်းမိကြောင်း ၊ ဘက်အသီးသီးတို့၏ ကြိုးပမ်းမှုဖြင့် ထိုင်းနှင့် ကမ္ဘောဒီးယား နှစ် နိုင်ငံမှ စစ်တပ်များသည် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တစ်ရပ်ကို ရရှိပြီး ငြိမ်းချမ်းရေး ဆီသို့ ပထမခြေလှမ်းကို လျှောက်လှမ်းနိုင်ခဲ့ခြင်းအတွက် တရုတ်နိုင်ငံက ဝမ်းမြောက်ဝမ်းသာ ဖြစ်ကြောင်း ပြောကြားခဲ့သည်။

စီဟာဆက်က ဘုရင် ဗာဂျီရာလောင်ကွန်၏ စိတ်ရင်းစေတနာကောင်းဖြင့်အမှာပါးလိုက်သည့် နှုတ်ခွန်းဆက်စကားများကို သမ္မတ ရှီကျင့်ဖိန်ထံသို့ သတင်းစကား ပြောကြားပေး ရန် ဝမ်ယိအား တောင်း ဆိုခဲ့သည်။ စီဟာဆက်က  ထိုင်းနိုင်ငံသည် တရုတ်ပြည် တစ်ပြည်တည်းသာရှိရေး မူဝါဒကို အမြဲတမ်း ခိုင်မာစွာ ကျင့်သုံးကြောင်း၊ တရုတ်နိုင်ငံအနေနှင့် ထိုင်း-ကမ္ဘောဒီးယားပဋိပက္ခကို အာရှပုံစံဖြင့် ကြားဝင် ဖြန်ဖြေရန်အတွက် အပြုသဘောဆောင်သော ကြိုးပမ်းဆောင်ရွက်မှုများကို ထိုင်း နိုင်ငံက အလွန် ချီးကျူးကြောင်း၊ မကြာသေးမီက ထိုင်းနှင့် ကမ္ဘောဒီးယားတို့ လက်မှတ် ရေးထိုးခဲ့ကြသည့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်သည် အစပြုခြင်းအသစ်တစ်ခု ဖြစ်ကြောင်း ပြောကြားခဲ့သည်။