မြန်မာနိုင်ငံသည် အထွေထွေရွေးကောက်ပွဲ ပထမအဆင့်ကာလတွင် လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသူများ အမည်စာရင်းအချို့ကို ထုတ်ပြန်

CGTN, January 6, 2026
Size:

ဒေသစံတော်ချိန် ဇန်နဝါရီလ ၂ရက်နေ့ ညပိုင်းတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ရုပ်မြင်သံကြားမှတစ်ဆင့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ပထမအဆင့်ကာလတွင် လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသူများ အမည်စာရင်းအချို့ကို ထုတ်ပြန်ခဲ့ကြောင်း၊ ယခုအကြိမ် သည် ပြည်ထောင်စုလွှတ်တော် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်‌တော် နှင့် အချို့ တိုင်းဒေသကြီးနှင့်ပြည်နယ်လွှတ်တော်၏ လွှတ်တော်အမတ်များ အမည်စာရင်းကို အဓိက ထုတ်ပြန်ခဲ့ကြောင်း၊ အမည်စာရင်းကို ရက်အနည်းငယ်အတွင်း တဖြည်းဖြည်း ထုတ်ပြန်သွားမည်ဖြစ်ကြောင်း China Media Groupမှ သတင်းအရ သိရပါသည်။

ယခုအကြိမ်ထုတ်ပြန်ခဲ့သော အမည်စာရင်းကို ကြည့်ခြင်းအားဖြင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် လွှတ်တော်အမတ်နေရာ အများစုကို အနိုင်ရရှိခဲ့ကြောင်း သိရပါသည်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ဝန်ထမ်းတစ်ဦးက ယခုအကြိမ် ရွေးကောက်ပွဲတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် လွှတ်တော်အမတ်နေရာ အများစုကို ရရှိပြီး မဲခွဲဆုံးဖြတ်ရာတွင် အခြားပါတီများကို ကျော်လွန်ခဲ့ကြောင်း China Media Group၏သတင်းထောက်အား ပြောကြားခဲ့ပါသည်။