
၂၀၂၆ခုနှစ် ကျရောက်လာတော့မည့် အခါသမယတွင် တရုတ် နိုင်ငံတော် သမ္မတ ရှီကျင့်ဖိန်သည် China Media Groupနှင့် အင်တာနက် မှတစ်ဆင့် နှစ်သစ်ကူး နှုတ်ခွန်းဆက် စကားကို ပြောကြားကာ အားလုံးကို ပေကျင်းမှနေပြီး နှစ်သစ်ကူး ဆုတောင်းပေးပါသည်။
၂၀၂၅ခုနှစ်သည် ၁၄ကြိမ်မြောက် ၅နှစ် စီမံကိန်း ပြီးမြောက်သည့် နှစ် ဖြစ်သည်။ ရှီကျင့်ဖိန်သည် လွန်ခဲ့သည့် သာမန်မဟုတ်သော ၅နှစ် ဖြစ်စဉ်ကို ဦးစွာ ပေါင်းစပ်သုံးသပ်ပြီး “သတ်မှတ်ထားသည့် လုပ်ငန်းတာဝန်နှင့် ရည်မှန်းချက်များကို အောင်မြင်စွာ အကောင် အထည် ဖော်ဆောင်ပြီး တရုတ် အသွင်ပုံစံ ခေတ်မီ ဖွံ့ဖြိုး တိုးတက်ရေး ခရီးစဉ်သစ်တွင် ခြေလှမ်းမှန်မှန်နှင့် လျှောက်လှမ်းခဲ့ကြသည်”ဟု ယူဆကာ အားထုတ် ကြိုးပမ်းဆောင်ရွက် သူတိုင်း အပေါ် အလေးပြုချင်ကြောင်း ပြောကြားသည်။


ရှီကျင့်ဖိန်သည် ၂၀၂၅ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် မမေ့နိုင်သော ကိစ္စများနှင့် ရရှိခဲ့သော ကြီးမားသည့် အောင်မြင်မှုများကို ပြန်လည်ကြည့်ရှုခဲ့သည်။ တရုတ်ပြည်သူများ၏ ဂျပန် ကျူးကျော်မှု ခုခံတော်လှန်ရေးနှင့် ကမ္ဘာ့ ဖက်ဆစ် ဆန့်ကျင်ရေး စစ်ပွဲ အောင်နိုင်ခြင်း နှစ် ၈၀ပြည့်မြောက်ခြင်းကို ကြီးကျယ်ခမ်းနားစွာ အထိမ်းအမှတ်ပြုခဲ့သည်။ ဆန်းသစ်တီထွင်မှု သည် အရည်အသွေးသစ် ကုန်ထုတ်စွမ်းအားကို ဖန်တီးပြီး အရည်အသွေးမြင့် ဖွံ့ဖြိုး တိုးတက်မှုကို တွန်းအားပေးခဲ့သည်။ တရုတ် နိုင်ငံ၏ စီးပွားရေး စုစုပေါင်း ပမာဏမှာ ယွမ်ငွေ ထရီလီယံ ၁၄၀ရှိမည်ဟု ခန့်မှန်းထားပါသည်။ ယဉ်ကျေးမှု ကုန်စည်ပြပွဲများ ရေပန်းစားလာပြီး ဒြပ်မဲ့ ယဉ်ကျေးမှု အမွေအနှစ်များ အပေါ် လူများ၏ စိတ်အားထက်သန်မှု အဆက်မပြတ် တိုးမြင့်လာကာ ယဉ်ကျေးမှုနှင့် ခရီးသွား ဈေးကွက်သည် အားကောင်း၍ ရိုးရာ အစဉ်အလာနှင့် ယနေ့ခေတ် ယဉ်ကျေးမှုကို ရောနှောပေါင်းစပ်ပြီး ယဉ်ကျေးမှုဖြင့် စိတ်ဓာတ်ဆိုင်ရာ အိုးအိမ်ကို အာဟာရ ဖြည့်ပေးသည်။ ပြည်သူများသည် သာယာ ကောင်းမွန်သော နေထိုင်မှု ဘဝကို အတူတကွ ဖန်တီးပြီး အတူတကွ မျှဝေခံစားကြကာ မိသားစုတိုင်း ကောင်းမွန်သည့် နေထိုင်မှု ဘဝ ရရှိလျှင် နိုင်ငံသည် ဖွံ့ဖြိုးတိုးတက်နိုင်မည် ဖြစ်သည်။ ရှီကျင့်ဖိန်သည် နှစ်သစ်ကူး နှုတ်ခွန်းဆက် စကားတွင် “အာဏာရ ပါတီ ကောင်းမွန် တိုးတက်လျှင် နိုင်ငံသည် အားကောင်းလာနိုင်မည် ဖြစ်ကြောင်း” အလေးထား ပြောကြားပြီး ၂၀၂၅ခုနှစ်တွင် တရုတ် ကွန်မြူနစ် ပါတီသည် မိမိကိုယ်ကိုယ် ပြုပြင်ပြောင်းလဲမှုကို ဖော်ဆောင်ပြီး ပါတီ၏ လုပ်ငန်းဆောင်ရွက်မှု အလေ့အထကို ဆက်တိုက် ကောင်းမွန်လာစေ ကြောင်းလည်း ပြောကြားသည်။


ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး အဆိုပြုချက်၊ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေး အဆိုပြုချက်နှင့် ကမ္ဘာလုံးဆိုင်ရာ ယဉ်ကျေးမှု အဆိုပြုချက် အပြီးတွင် ရှီကျင့်ဖိန်သည် ၂၀၂၅ခုနှစ်၌ ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲရေး အဆိုပြုချက်ကို တင်ပြခဲ့ပြီး တရားမျှတမှုနဲ့ ကျိူးကြောင်းဆီလျော်မှု ပိုရှိသည့် ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲရေး စနစ်ကို တည်ဆောက်ရန် တွန်းအားပေးသည်။ နှစ်သစ်ကူး နှုတ်ခွန်းဆက် စကားတွင် ရှီကျင့်ဖိန်က ပြောင်းလဲမှုနဲ့ ရှုပ်ထွေးမှုများ ရောယှက်နေသော ကမ္ဘာကို ရင်ဆိုင်ရာတွင် တရုတ် နိုင်ငံ အနေနှင့် သမိုင်း၏ မှန်ကန်သည့် ဘက်တွင် အမြဲတမ်း ရပ်တည်နေပြီး နိုင်ငံ အသီးသီးနှင့် အတူ ကမ္ဘာ့ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို တိုးမြှင့်ရန်နှင့် လူသား ကံကြမ္မာတူ အသိုက်အဝန်း တည်ဆောက်ခြင်း တွန်းအားပေးရန် လက်တွဲ ကြိုးပမ်းဆောင်ရွက်လိုသည်။


ရှီကျင့်ဖိန်က ၂၀၂၆ခုနှစ်တွင် တရုတ် နိုင်ငံသည် အရည်အသွေးမြင့်မားသော ဖွံ့ဖြိုးတိုးတက်ရေးကို ဇောက်ချ၍ ဖော်ဆောင်ကာ ပြုပြင်ပြောင်းလဲမှုနှင့် တံခါးဖွင့်မှုများကို တစ်ဆင့်တိုး ဘက်စုံ ထဲထဲဝင်ဝင် ဆောင်ရွက်ပြီး ပြည်သူ တစ်ရပ်လုံး အတူတကွ ချမ်းသာကြွယ်ဝမှုကို တွန်းအားပေးကာ အံ့ဖွယ်ကောင်းသည့် တရုတ်နိုင်ငံ၏ အခန်းကဏ္ဍ သစ်ကို ဆက်လက် ဖွင့်လှစ်မည် ဖြစ်ကြောင်း ပြောကြားသည်။
နောက်ဆုံးတွင် ရှီကျင့်ဖိန်သည် ကမ္ဘာ့ နိုင်ငံ အသီးသီးမှ ပြည်သူများ အပေါ် အားလုံး ပျော်ရွှင်ပါစေ။ အလုပ် လုပ်ကိုင်ဆောင်ရွက်ရာမှာ အောင်မြင်မှုများ ရရှိပါစေ။ အစစအရာရာ မျှော်လင့်ချက် ရှိပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်သည်။