
လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု သီးသန့်ရန်ပုံငွေဖြင့် ထောက်ပံသော ”အလတ်စားနှင့် အသေးစား စီးပွားရေးလုပ်ငန်းများ ထုတ်လုပ်မှုစွမ်းအားနှင့် နည်းပညာ ပူးပေါင်းဆောင်ရွက်မှုအား တိုးမြှင့်ခြင်းဖြင့် လန်ချန်း-မဲခေါင်နိုင်ငံများ၏ စက်မှုလုပ်ငန်း ၄.၀ အကောင်အထည်ဖော်ရန် ထောက်ပံ့ခြင်း” ဟူသောစီမံကိန်းကို ခြုံငုံသုံးသပ်သောအစည်းအဝေးကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် ဖနွမ်းပင်မြို့တွင် ကျင့်ပခဲ့သည်။ ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Wang Wenbin၊ ကမ္ဘောဒီးယားနိုင်ငံ စက်မှုနှင့် သိပ္ပံနည်းပညာအသစ်တီထွင်ရေးဝန်ကြီးဌာန ဝန်ကြီး ဟန်ဝမ်တီး၊ နိုင်ငံခြားရေးနှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနက အတွင်းဝန် မြင်ကျင်ရှင်တို့သည် အထက်ပါအစည်းအဝေးသို့ ပါဝင်တက်ရောက်၍ မိန့်ခွန်းစကား ပြောကြားသည်။

လန်ချန်း-မဲခေါင်ဒေသနိုင်ငံများသည် လျင်မြန်စွာ တိုးတက်လျက်ရှိသော အရေးကြီးကာလတွင်း ရှိနေ၍ သိပ္ပံနည်းပညာသည် ယခုခေတ် စက်မှုလုပ်ငန်းကို တိုးတက်စေသော အရေးကြီးတွန်းအား ဖြစ်ကြောင်း၊ ဤစီမံကိန်းသည် ဒေသတွင်းနိုင်ငံများမှ အလတ်စားနှင့် အသေးစား စီးပွားရေးလုပ်ငန်းများအတွက် နည်းပညာ ပူးပေါင်းဆောင်ရွက်သော ပလက်ဖောင်းတစ်ခု ထူထောင်ပေးပြီး ၎င်းစီးပွားရေးလုပ်ငန်းများ၏ ပြိုင်ဆိုင်မှုစွမ်းအား တိုးမြှင့်ရန် အထောက်အကူပြုနိုင်၍ လန်ချန်း-မဲခေါင်နိုင်ငံများ၏ စက်မှုလုပ်ငန်း ၄.၀ အကောင်းအထည်ဖော်ရန် အပြုသဘောဆောင်သော အဓိပ္ပာယ် ရှိကြောင်း၊ တရုတ်နိုင်ငံသည် လန်ချန်း-မဲခေါင်နိုင်ငံများနှင့် ဒီဂျီတယ် စီးပွားရေး၊ ဉာဏ်ရည်တု ထုတ်လုပ်ရေး၊ လူစွမ်းအား ပျိုးထောင်ရေး စသောနယ်နယ်တွင် ပူးပေါင်းဆောင်ရွက်၍ လန်ချန်း-မဲခေါင် အသစ်တီထွင်ရေးစင်္ကြံ ထူထောင်ခြင်း၊ ဒေသဖွံ့ဖြိုးတိုးတက်စေခြင်း၊ တရုတ်-ကမ္ဘောဒီးယား အေးအတူ ပူအမျှ အသိုက်အဝန်းနှင့် လန်ချန်း-မဲခေါင် အေးအတူ ပူအမျှ အသိုက်အဝန်း လက်တွဲထူထောင်ခြင်းလုပ်ငန်းတို့ တွန်းအားပေးရန် ဆန္ဒရှိကြောင်း သံအမတ်ကြီး Wang Wenbin က ပြောကြားသည်။