ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် တရုတ်နိုင်ငံ ဟိုင်နန် လွတ်လပ်သော ကုန်သွယ်ရေး ဆိပ်ကမ်း (Hainan Free Trade Port) Island-wide Special Customs Operations တရားဝင်စတင်လိုက်ခြင်းမှာ “ခေတ်သစ်တွင် တရုတ်နိုင်ငံမှ နိုင်ငံခြားသို့ တံခါးဖွင့်ပေးရန် ဦးဆောင်သော အရေးကြီးသည့် တံခါးပေါက်” ဖြစ်လာရန်အတွက် အရေးကြီးသော ခြေလှမ်း တစ်ရပ် ဖြစ်ပါသည်။ နိုင်ငံတကာမီဒီယာများက ဟိုင်နန် လွတ်လပ်သော ကုန်သွယ်ရေးဆိပ်ကမ်း Island-wide Special Customs Operations ပြုလုပ်ခြင်းသည် တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးပုံစံသစ်ကို တည်ဆောက်ရာတွင် အထောက်အကူပြုသည့် အပြင် ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး အခွင့်အလမ်းများ မျှဝေခံစားရန်အတွက်လည်း အဓိကနေရာသစ် ဖြစ်လာမည် ဖြစ်ကြောင်း ဖော်ပြထားကြပါသည်။
တစ်ဖက်သတ်ဝါဒနှင့် ကိုယ်ကျိုးစီးပွားကာကွယ်ရေးဝါဒ ဆိုးဝါးလာပြီး စီးပွားရေး ကလိုဘယ်လိုက်ဇေးရှင်း အခက်အခဲနှင့် ကြုံတွေ့နေရသည့်အခြေအနေမျိုးတွင် ဟိုင်နန် လွတ်လပ်သော ကုန်သွယ်ရေးဆိပ်ကမ်း Island-wide Special Customs Operations ပြုလုပ်ခြင်းမှာ တရုတ်နိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးနှင့် တံခါးဖွင့်ရေးဖြစ်စဉ်တွင် အရေးကြီး သော မှတ်တိုင်တစ်ခု ဖြစ်လာပြီး တရုတ်နိုင်ငံမှ နိုင်ငံခြားသို့ အဆင့်မြင့် တံခါးဖွင့်ရေး ဦးလည်မသုန် တိုးချဲ့ဆောင်ရွက်သော၊ တံခါးဖွင့်သော ကမ္ဘာ့စီးပွားရေး တည်ဆောက်ရန် တွန်းအားပေးသော အထင်ကရနည်းလမ်း ဖြစ်ပါသည်။
နိုင်ငံခြားနှင့် ကူးသန်းရောင်းဝယ်ရေးတက္ကသိုလ် နိုင်ငံတကာစီးပွားရေးသုတေသန ဌာန ဌာနမှူး Sang Baichuan က Island-wide Special Customs Operations ပြုလုပ် ပြီးနောက် ပြောင်းလဲခြင်းမှာ ကုန်သွယ်ရေးရင်းနှီးမြှုပ်နှံရန် လွတ်လပ်မှုနှင့် အဆင်ပြေမှု တစ်ဆင့်တက် မြှင့်တင်လာခြင်း ဖြစ်ကြောင်း၊ အခွန်တော်မဲ့ ကုန်ပစ္စည်းများ၏ အရေ အတွက်နှင့် သွင်းကုန်များ၏ အမျိုးအစားစသည်တို့ သိသိသာသာ တိုးများလာပြီး သွင်းကုန်ကုန်ကျစရိတ် များစွာ ကျဆင်းသွား၍ နိုင်ငံအသီးသီးမှ ရင်းနှီးမြှုပ်နှံသူများအတွက် ဆွဲဆောင်မှု များစွာရှိခြင်း ဖြစ်ကြောင်း၊ မပြောင်းလဲခြင်းမှာ တရုတ်နိုင်ငံသည် နိုင်ငံခြားသို့ အဆင့်မြင့် တံခါးဖွင့်ရေးကို ဆက်လက်တိုးချဲ့ဆောင်ရွက်ခြင်း ဖြစ်ကြောင်း ကမ္ဘာကြီးနှင့်အတူ အပြန်အလှန်အကျိုးရှိစေသော သန္နိဋ္ဌာန်နှင့် စွမ်းဆောင်ရည်တို့ကို ဆက်လက်ပြသခြင်း ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
ဟိုင်နန် လွတ်လပ်သော ကုန်သွယ်ရေးဆိပ်ကမ်း Island-wide Special Customs Operations ပြုလုပ်ပြီးနောက် လုပ်ငန်းကုမ္ပဏီများ၊ တစ်ဦးချင်းနှင့် ကမ္ဘာ့ စီးပွားရေးအတွက်ပါ လက်တွေ့ကျသော အကျိုးကျေးဇူးများကို ဆောင်ကျဉ်းပေးလာမည် ဖြစ်သဖြင့် တစ်ကမ္ဘာလုံးသည် ယင်းကို အာရုံစိုက်နေပါသည်။ လုပ်ငန်းကုမ္ပဏီများအတွက် အခွန်မဲ့၊ သက်သာသောအခွန်နှုန်း၊ အဆင်ပြေသောအခွန်စနစ် စသည့် အစီအမံများကြောင့် အတိုင်းအတာ ပိုမိုကျယ်ပြန့်သော အကျိုးကျေးဇူးများကို ခံစားနိုင်ပြီး ကုန်ထုတ်လုပ်မှု ကုန်ကျစရိတ် ပိုမိုသက်သာသွားမည် ဖြစ်ပါသည်။ နိုင်ငံအသီးသီးမှ ခရီးသည်များအတွက် လည်း ဟိုင်နန် လွတ်လပ်သော ကုန်သွယ်ရေးဆိပ်ကမ်း Island-wide Special Customs Operations ပြုလုပ်ခြင်းမှ အကျိုးခံစားနိုင်ပါသည်။ တစ်ချိန်တည်းတွင် ဟိုင်နန် လွတ်လပ် သော ကုန်သွယ်ရေးဆိပ်ကမ်း Island-wide Special Customs Operations ပြုလုပ် ပြီးနောက် စီးပွားရေးကလိုဘယ်လိုက်ဇေးရှင်းကိုလည်း ကျားကန်ပေးနိုင်ပါသည်။