လန်ချန်း-မဲခေါင်နိုင်ငံများ စွန့်ဦးတီထွင်ပညာရေး မဟာမိတ်အဖွဲ့၏ ၂၀၂၅ ခုနှစ် ဖလှယ်ရေးလှုပ်ရှားမှုကို ဝန်းကျိုးမြို့တွင် ကျင်းပ

lmcchina.org, December 26, 2025
Size:

လန်ချန်း-မဲခေါင်နိုင်ငံများ စွန့်ဦးတီထွင်ပညာရေး မဟာမိတ်အဖွဲ့၏ ၂၀၂၅ ခုနှစ် ဖလှယ်ရေးလှုပ်ရှားမှုကို ယခုရက်ပိုင်းက ဝန်းကျိုးနည်းပညာတက္ကသိုလ်တွင် အောင်မြင်စွာ ကျင်းပခဲ့သည်။ "ဒစ်ဂျစ်တယ် မောင်းနှင်အား၊ ဆန်းသစ်တီထွင်မှုနှင့် ပညာရေး အတူယှဥ်တွဲခြင်း"ခေါင်းစဉ်ဖြင့် ယခုအကြိမ်အစည်းအဝေးကို အွန်လိုင်းနှင့် အော့ဖ်လိုင်း ပေါင်းစပ်ကျင်းပခဲ့ရာ လန်ချန်း-မဲခေါင်ခြောက်နိုင်ငံမှ တက္ကသိုလ်များ၊ ပုံနှိပ်ထုတ်ဝေရေးလုပ်ငန်းအဖွဲ့များ၊ စီးပွားရေးလုပ်ငန်းမှ ကိုယ်စားလှယ်နှင့် ကျွမ်းကျင်သူပညာရှင်များ စုဝေးခဲ့ကြသည်။ ၎င်းတို့သည် ‌ဒေသတွင်း စွန့်ဦးတီထွင်ပညာရေး ပူးပေါင်းဆောင်ရွက်မှုနှင့် သင်ရိုးညွှန်းတမ်းများ နိုင်ငံတကာအဆင့်မီတည်ဆောက်ရေးတို့နှင့် ပတ်သက်ပြီး အတူတကွ နက်နက်ရှိုင်းရှိုင်း ဆွေးနွေးသုံးသပ်ခဲ့ကြပြီး ပြင်ပသို့ ပညာရေး ပွင့်လင်းလာစေရန် လက်တွေ့ကျသော အကျိုးပြုအင်အားများ ဖြည့်တင်းပေးခဲ့သည်။