၂၀၂၅ ခုနှစ် လန်ချန်း-မဲခေါင် အနာဂတ် သံတမန် ပျိုးထောင်ရေးအစီအစဉ် ဟိုင်ခိုမွမ်းမံသင်တန်း စတင်

lmcchina.org, December 26, 2025
Size:

၂၀၂၅ ခုနှစ် လန်ချန်း-မဲခေါင် အနာဂတ် သံတမန် ပျိုးထောင်ရေးအစီအစဉ်-“ရွှေရောင်ဆယ်စုနှစ်တစ်ခု ပြန်လည်စတင်ကာ လန်ချန်း-မဲခေါင် မိသားစုအသိစိတ်ကို အတူတကွ ပြုစုပျိုးထောင်ခြင်း” ဟိုင်ခိုမွမ်းမံသင်တန်းကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၁၄ ရက်က တရုတ် (ဟိုင်နန်) ပြုပြင်ပြောင်းလဲရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးသုတေသနအင်စတီကျု(CIRD)တွင် စတင်ခဲ့သည်။ ယခုအကြိမ်မွမ်းမံသင်တန်းကို တရုတ်နိုင်ငံခြားရေးရာတက္ကသိုလ်ရှိ အေးအတူ ပူအမျှ အသိုက်အဝန်း လေ့လာရေးစင်တာမှ လမ်းညွှန်မှု ပေးခဲ့ပြီး တရုတ်နိုင်ငံခြားရေးရာတက္ကသိုလ်ရှိ အာရှသုတေသနဌာနနှင့် CIRD ၏ RCEP သုတေသနဌာနတို့မှ ပူးတွဲကြီးမှူးကျင်းပခဲ့သည်။

သင်တန်းဖွင့်ပွဲအခမ်းအနားတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာဦးစီးဌာနမှ သံမှူး Wang Dexin၊ တရုတ်နိုင်ငံခြားရေးရာတက္ကသိုလ် အာရှသုတေသနဌာန ဒုတိယဌာနမှူး Yang Yue နှင့် တရုတ်ပြုပြင်ပြောင်းလဲရေးနှင့် CIRD အမှုဆောင်အကြီးအကဲနှင့် RCEP သုတေသနဌာနဌာနမှူး Yang Rui တို့က အဖွင့်မိန့်ခွန်းများ ပြောကြားခဲ့ပြီး လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုနှင့် လူငယ်များ၏ အခန်းကဏ္ဍကို အမြင်ချင်း ဖလှယ်ခဲ့ကြသည်။