
ဘီလာရုစ်နိုင်ငံ မင့်စ်ခ်မြို့တွင် ဘီလာရုစ်သမ္မတ Alexander Lukashenko က ဘီလာရုစ်လွှတ်တော်နှင့် ပြည်သူများထံ နိုင်ငံတော်အခြေပြမိန့်ခွန်းပြောကြားနေသည်ကို ဒီဇင်ဘာ ၁၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံသည် ဘီလာရုစ်နိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါသော အကျိုးဆောင်မှုများ လုပ်ဆောင်ခဲ့ကြောင်း ဘီလာရုစ်သမ္မတ Alexander Lukashenko က ဒီဇင်ဘာ ၁၈ ရက်တွင် မြို့တော် မင့်စ်ခ်၌ ပြောကြားခဲ့သည်။အဆိုပါနေ့တွင် Lukashenko က ဘီလာရုစ်လွှတ်တော်နှင့် ပြည်သူများထံ နိုင်ငံတော်အခြေပြမိန့်ခွန်းတွင် ပြောကြားရာတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ ဘီလာရုစ်နှင့် တရုတ်နိုင်ငံအကြား ကောင်းမွန်သောဆက်ဆံရေးကို ၎င်းက အထူးချီးကျူးခဲ့သည်။ တရုတ်နိုင်ငံသည် ဘီလာရုစ်၏ ဒုတိယအကြီးဆုံး ကုန်သွယ်ရေးမိတ်ဖက်ဖြစ်ပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြီးမားသောအကူအညီများ ပေးအပ်ခဲ့ကြောင်း Lukashenko က ပြောကြားခဲ့သည်။
Lukashenko က တရုတ်နိုင်ငံ၏ မူဝါဒများသည် အချိတ်အဆက်မိစဉ်ဆက်မပြတ်ရှိခြင်းကို ချီးကျူးခဲ့ပြီး တရုတ်လူမျိုးများသည် “ရလဒ်မြန်မြန်ရဖို့ အလျင်စလိုမလုပ်ဘဲ တည်ငြိမ်စွာ လုပ်ကိုင်ကြတယ်၊ ရည်မှန်းချက်ကို အခိုင်အမာထားပြီး ရှေ့ကိုချီတက်ကြတယ်” ဟု ပြောကြားခဲ့သည်။ တရုတ်နိုင်ငံသည် ရှည်လျားသောသမိုင်းကြောင်းရှိသည့် ရှေးဟောင်းယဉ်ကျေးမှုနိုင်ငံဖြစ်ပြီး ယနေ့ခေတ်ကမ္ဘာတွင်လည်း အရေးကြီးသောအခန်းကဏ္ဍမှ ပါဝင်နေကြောင်း ၎င်းက ပြောကြားခဲ့သည်။