
ယန်ဖူဆိပ်ကမ်း၏ Gantry ကရိန်းစက်ကြီးသည် ပင်လယ်လေလှိုင်းများကြားတွင် ဖြည်းဖြည်းချင်း ရွေ့လျားနေပြီး “စည်းကြပ်ခွန် မရှိ” ကုန်ပစ္စည်းများ တစ်သုတ်ပြီး တစ်သုတ်သည် ယန်ဖူဆိပ်ကမ်း စသည့် ပြည်ပသို့တံခါးဖွင့်ထားသော ဆိပ်ကမ်းများမှ တစ်ဆင့် ဟိုင်နန်ပြည်နယ်သို့ ဝင်ရောက်လာလျက်ရှိသည်။ ဒီဇင်ဘာ ၁၈ ရက်တွင် ဟိုင်နန် လွတ်လပ်စွာကုန်သွယ်ရေး ဆိပ်ကမ်း၏ အထူးအကောက်ခွန်လုပ်ငန်း ဆောင်ရွက်မှု တရားဝင် စတင်ခဲ့သည်။ ၎င်းသည် ကမ္ဘာကြီးထံသို့ တရုတ်နိုင်ငံက အဆင့်မြင့် တံခါး ဖွင့်လှစ်မှုအား တိုးချဲ့သည့် ခိုင်မြဲသော သန္နိဋ္ဌာန်ကို လက်ဆင့်ကမ်းဖော်ပြလိုက်ခြင်း ဖြစ်သလို တစ်ကမ္ဘာလုံး အရင်းအနှီးများက တရုတ်နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှု အကျိုးအမြတ်ကို မျှဝေရန်အတွက်လည်း အခွင့်အလမ်းအသစ်များ ပံ့ပိုးပေးလိုက်သည်။
PB Leiner ကမ္ဘာလုံးဆိုင်ရာ စက်ပစ္စည်း ဒါရိုက်တာချုပ် Giles Verheecke - ကုန်ကြမ်းပစ္စည်းများက မိမိတို့ အတွက် အရေးကြီးဆုံး ရင်းနှီးထည့်ဝင်မှုများအနက် တစ်ခုပင်ဖြစ်သည်။ စည်းကြပ်ခွန် မရှိသော မူဝါဒသည် အလွန်အပြုသဘောဆောင်သည့် အခန်းကဏ္ဍတွင် ရပ်တည်နေ သည်။ ယင်းသည် လုပ်ငန်း ကုမ္ပဏီက အဆက်မပြတ်တိုးချဲ့နေသည့် အခြေအနေတွင် အနာဂတ်၌ ဒေသတွင်း ကုန်ကြမ်းပစ္စည်းများသည် တိုးတက်မှုလိုအပ်ချက်အား မဖြည့်ဆည်းနိုင်သည့်တိုင် ယင်းသည် အပြုသဘော ဆောင်သော အချက်ပြမှုတစ်ခုဖြစ်သည်ကို ဆိုလိုနေသည်။ ယင်း (စည်းကြပ်ခွန်မရှိမှုဖြင့် ကုန်ကြမ်း ပစ္စည်းများ တင်သွင်းခြင်း ) ကို အကြောင်းပြုပြီး တည်ငြိမ်သော ကုန်ကြမ်းပစ္စည်းပံ့ပိုးမှုကို တည် ဆောက်နိုင်ခြင်းအား မိမိတို့နားလည်သိရှိထားသည်။ ယင်းသည် လုပ်ငန်းကုမ္ပဏီများ၏ တိုးတက်မှု အစီအစဉ်နှင့် အနာဂတ်ဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက်များအား ဖော်ဆောင်ရန်အတွက် အရေးကြီးသည့် အားသာချက် ဖြစ်သည်။
အီတလီနိုင်ငံ တရုတ်စက်မှုနှင့်ကုန်သွယ်မှုအသင်း ဥက္ကဋ္ဌ ဟူယဉ်ဆား - ဟိုင်နန် လွတ်လပ်စွာ ကုန်သွယ်ရေးဆိပ်ကမ်း အထူးအကောက်ခွန်လုပ်ငန်း လုပ်ဆောင်မှုသည် အီတလီ နိုင်ငံ အတွက် အကြီးမားဆုံး ဆွဲဆောင်မှုမှာ ၎င်းသည် တရုတ်နိုင်ငံ၏ အထူးကြီးမားသော ပြည်တွင်း လိုအပ်ချက်ဈေးကွက်နှင့် တစ်ကမ္ဘာလုံးဈေးကွက်အား ချိတ်ဆက်ပေးသည့် စူပါ ချိတ်ဆက်သူ အခန်းကဏ္ဍမှ ပါဝင်မှုပင်ဖြစ်သည်။ ထိုနေရာ၌ ရင်းနှီးမြှုပ်နှံခြင်းသည် စည်းကြပ်ခွန်၏ အကျိုးသက်ရောက်မှုကို ခံစားခွင့်ရသည် သာမက ကုန်သွယ်ရေး၊ ရင်းနှီး မြှုပ်နှံမှု စသည့်ကဏ္ဍများ၌ သက်သာခွင့်မူဝါဒများစွာလည်းရှိသည်။ ထို့ပြင် တရုတ် နိုင်ငံ ပြည်မကြီး၏ဈေးကွက်သို့ ဝင်ရောက်ပြီး အာဆီယံ စသည့် အိမ်နီးချင်းနိုင်ငံ ဒေသ များသို့လည်း ဖြန့်ကြက်နိုင်သောကြောင့် ဟိုင်နန်၌ရပ်တည်ခြင်း၊ တရုတ်နိုင်ငံကို မျက်နှာမူခြင်း၊ အာရှပစိဖိတ်သို့ဖြန့်ကြက်ခြင်းဟူသည့် မဟာဗျူဟာအခင်းအကျင်းကို ဖော်ဆောင်နိုင်သည်။