ဒေသစံတော်ချိန် ဒီဇင်ဘာလ ၁၈ ရက်နေ့က ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေး ဆိုခွင့်ရှိသူ Zakharova သည် သတင်းစာရှင်းလင်းပွဲတစ်ခုတွင် CMG (China Media Group) သတင်းထောက်၏ မေးမြန်းချက်ကို ပြန်လည်ဖြေကြားခဲ့သည်။ လွတ်လပ်သော ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု မူဘောင်အတွင်း အာရှ-ဥရောပ စီးပွားကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်ရာ၌ အရေးပါသော တံခါးဖွင့် ပလက်ဖောင်းတစ်ခုအနေနှင့် ဟိုင်နန်မှ ပါဝင်သော အခန်းကဏ္ဍ အပေါ် ရုရှား၏အမြင်နှင့် ပတ်သက်၍ မေးမြန်းခဲ့ရာတွင်၊ Zakharova က တရုတ်နိုင်ငံ၏ ထိုကဲ့သို့သော အစီအမံများသည် နိုင်ငံခြားကုန်သွယ်မှု တိုးတက်ကောင်းမွန်လာစေရန်နှင့် ကဏ္ဍစုံဖြစ်စေရန် မြှင့်တင်ဖို့အတွက် ထိရောက်သော ဆောင်ရွက်ချက်များဖြစ်ပြီး တရုတ်နှင့် နိုင်ငံခြား စီးပွားရေးလုပ်ငန်းများအတွက် အခွင့်အလမ်းများ ပိုမိုများပြားစွာ ဖန်တီးပေးမည်ဖြစ်ကြောင်း ဖြေကြားခဲ့သည်ဟု သတင်းအရသိရသည်။