
၁၃ ရက်နေ့တွင် အမျိုးသား ဖွံ့ဖြိုးရေးနှင့် ပြုပြင်ပြောင်းလဲရေးကော်မရှင်မှ သတင်းအရ လာမည့်နှစ်တွင် မက်ခရိုထိန်းညှိမှုသည် မျှော်မှန်းထားသည့်အတိုင်း စီမံခန့်ခွဲမှုကို အားကောင်းစေပြီး စီးပွားရေး တည်ငြိမ်စွာ တိုးတက်စေရန် လုပ်ဆောင်ချက်အသစ်များစွာကို ထုတ်ပြန်ကျင့်သုံးသွားမည်ဖြစ်ကြောင်း သိရသည်။ စားသုံးမှုဘက်တွင် ဝန်ဆောင်မှုဆိုင်ရာ စားသုံးမှုများကို တက်ကြွစွာ တိုးချဲ့သွားမည် ဖြစ်သည်။ ရင်းနှီးမြှုပ်နှံမှုဘက်တွင် ရင်းနှီးမြှုပ်နှံရေးထိရောက်မှုကို အဆက်မပြတ် မြှင့်တင်သွားမည်ဖြစ်သည်။ တိုးတက်မှုမောင်းနှင်အားအသစ် ဖော်ဆောင်ရာတွင်လည်း ထွန်းသစ်စ စက်မှုလုပ်ငန်းများနှင့် အနာဂတ်စက်မှုလုပ်ငန်းများကို အားကောင်းစွာ ပြုစုပျိုးထောင်သွားမည်ဖြစ်ကြောင်း သိရသည်။