တရုတ်-မြန်မာ လေကြောင်း ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်းအသစ် တည်ဆောက်၊ China Post “ချုံချင့်-ရန်ကုန်” နိုင်ငံတကာလေကြောင်း ကုန်စည်ပို့ဆောင်ရေးလမ်းကြောင်း ပထမဆုံးအကြိမ် ပြေးဆွဲ

Xinhua, December 19, 2025
Size:

တရုတ်နိုင်ငံ ချုံချင့်မြို့ ကျန်းပေအပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ပထမဆုံးပျံသန်းမှု လုပ်ဆောင်ရန် စောင့်ဆိုင်းနေသော China Post ၏ “ချုံချင့်-ရန်ကုန်” နိုင်ငံတကာလေကြောင်းကုန်စည်ပို့ဆောင်ရေးလမ်းကြောင်းမှ လေယာဉ်အား ဒီဇင်ဘာ ၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

China Post ၏ “ချုံချင့်-ရန်ကုန်” နိုင်ငံတကာလေကြောင်းကုန်စည်ပို့ဆောင်ရေးလမ်းကြောင်းသည် တရုတ်နိုင်ငံ ချုံချင့်မြို့ ကျန်းပေအပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ပထမဆုံးအကြိမ် ပျံသန်းပြေးဆွဲခဲ့သည်။ ဤလမ်းကြောင်းသည် China Postal Airlines မှ ဖွင့်လှစ်ခဲ့သော ၃၅ ခုမြောက် နိုင်ငံတကာလေကြောင်းလမ်းဖြစ်ပြီး ချုံချင့်မှ မြန်မာနိုင်ငံ ရန်ကုန်မြို့အထိ တိုက်ရိုက်ကုန်တင်လေယာဉ်များ၏ ဈေးကွက်လှစ်ဟာကို ဖြည့်ဆည်းပေးရုံသာမက China Postal Airlines ၏ နိုင်ငံတကာလမ်းကြောင်းကွန်ရက်ကိုပါ ကြွယ်ဝစေပြီး “ရပ်ဝန်နှင့် ပိုးလမ်းမ” အစီအမံအောက်တွင်ရှိသော တရုတ်-မြန်မာ ကုန်သွယ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ချုံချင့် နိုင်ငံတကာလေကြောင်း ထောက်ပံ့ပို့ဆောင်ရေးအချက်အချာ တည်ဆောက်ရေးအတွက် စွမ်းအင်အသစ်များ ဖြည့်တင်းပေးသည်။ 

တရုတ်နိုင်ငံ ချုံချင့်မြို့ ကျန်းပေအပြည်ပြည်ဆိုင်ရာလေဆိပ်တွင် China Post ၏ “ချုံချင့်-ရန်ကုန်” နိုင်ငံတကာလေကြောင်းကုန်စည်ပို့ဆောင်ရေးလမ်းကြောင်း ပထမဆုံး ပျံသန်းသော ကုန်တင်လေယာဉ်ကို ဒီဇင်ဘာ ၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)


1  2  3  >