တရုတ်နိုင်ငံ အဓိက စီးပွားရေး အညွှန်းကိန်းများသည် မျှော်မှန်းထားသည်ထက် ကောင်းမွန် ပြီး စီးပွားရေး စုစုပေါင်း ပမာဏမှာ ယွမ် ၁၄၀ ထရီလီယံခန့်ရှိမည်ဟု ခန့်မှန်းရ

CGTN, December 19, 2025
Size:

ဒီဇင်ဘာလ ၁၃ ရက်နေ့က တရုတ်နိုင်ငံတကာ စီးပွားရေး ကူးလူးဖလှယ်ရေး စင်တာ ၌  ကျင်းပသည့် ၂၀၂၅-၂၀၂၆ တရုတ် စီးပွားရေး နှစ်ပတ်လည် အစည်းအဝေးတွင် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ဘဏ္ဍာရေးနှင့် စီးပွားရေး ကော်မရှင်ရုံး ဒုတိယ ဥက္ကဋ္ဌ၊ ဗဟိုကော်မတီ ကျေးလက်လုပ်ငန်း ဦးဆောင်အဖွဲ့ရုံး ဥက္ကဋ္ဌ ဟန်ဝင်ရှုက တစ်နှစ်ပတ်လုံး စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်မှု၏ အဓိက မျှော်မှန်းထာသည့် ရည်မှန်းချက်များသည် အောင်မြင်စွာ အကောင်အထည်ဖော်နိုင်မည်ဖြစ်ပြီး အဓိက စီးပွားရေး အညွှန်းကိန်းများသည် မျှော်မှန်းထားသည်ထက် ပိုမိုကောင်းမွန်စွာ လုပ်ဆောင်နိုင်ခဲ့ကြောင်း၊ ယခုနှစ်တွင် တရုတ်နိုင်ငံ၏ စီးပွားရေး စုစုပေါင်း ပမာဏမှာ ယွမ် ၁၄၀ ထရီလီယံခန့်ရှိမည်ဟု ခန့်မှန်းရ ကြောင်း ပြောကြားခဲ့သည်။