ဒီဇင်ဘာလ ၅ ရက်နေ့မှ ၈ ရက်နေ့အထိ ၂၀၂၅ လန်ချန်း-မဲခေါင် သစ်သီးပွဲကို ကူမင်းမြို့တွင် ကျင်းပပြီး မဲခေါင်ဒေသနိုင်ငံများ၊ တောင်အာရှနိုင်ငံများမှ စီးပွားရေးလုန်ငန်း ၅၀ ကျော်သည် ၎င်းသစ်သီးပွဲသို့ ပါဝင်တက်ရောက်၍ ထိုင်းနိုင်ငံ၏ ဒူးရင်းသီး၊ ဗီယက်နမ်၏ နာနတ်သီး၊ ကမ္ဘောဒီးယား၏ အုန်းသီး၊ ဘင်္ဂလားဒေရှ်၏ သစ်သီးခြောက်များသည် စားသုံးသူများ၏နှစ်သက်မှုကို ရရှိသည်။
အထက်ပါသစ်သီးပွဲ ကျင်းပရာတွင် လန်ချန်-မဲခေါင်ဒေသ နယ်စပ်ဖြတ်ကျော် စီးပွားရေးနှင့် ရောင်းဝယ်ရေးချိတ်ဆက်ပွဲ၊ စီးပွားရေးလုပ်ငန်း မိတ်ဆက်ပွဲ စသောလှုပ်ရှားများကိုလည်း ကျင်းပခဲ့သည်။ တရုတ်နိုင်ငံ နိုင်ငံတကာ ရေကြောင်းပို့ဆောင်ရေး ကွန်ယက်ရက်အုပ်စု၊ ထိုင်းနိုင်ငံ သစ်သီးစိမ်း ဖြန့်ဖြူးရေးနှင့် ပို့ကုန်အသင်း စသော ပြည်တွင်းပြည်ပ စီးပွားရေးလုပ်ငန်းနှင့် အဖွဲ့အစည်း ၁၀ ကျော်သည် နားလည်မှုစာချွန်လွှာကို ချုပ်ဆိုကြသည်။